အခန်း(၁)

860 40 0
                                    

(ရုပ်ဆိုးမင်းသားလေးမွေးဖွားခြင်း)

ဆားတောင်ပြည်၏အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်သောမိုးနဂါးတိုင်းပြည်တွင်သားတော်လေးတစ်ပါးကိုမွေးဖွားခဲ့သည်။မိုးနဂါးတိုင်းပြည်နည်းတူအခြားအခြားသောတိုင်းပြည်များတွင်လည်းသားတော်တစ်ပါးစီမွေးဖွားခဲ့ကြသည်။

ဆားတောင်ပြည်၏မိဖုရားကြီးကမူသမီးတော်လေးတစ်ပါးသာလျှင်မွေးဖွားလေသည်။ထို့ကြောင့်ဆားတောင်ဘုရင်ကြီးကသမီးတော်လေးအတွက်ရင်လေးနေမိသည်။နောင်တစ်ချိန်တွင်ဘုရင်မတစ်ပါးဖြစ်လာမည့်သမီးတော်လေးကိုအိမ်နီးချင်းတိုင်းပြည်များမှထိပါးနှောင့်ယှက်လာမည်ကိုတွေးပူနေမိခြင်းကြောင့်ဖြစ်သည်။

ဆားတောင်ပြည်၏မင်းသမီးလေးအသက်နှစ်
နှစ်အရွယ်သို့ရောက်လျှင်တစ်နေ့သောညအချိန်ဝယ်ဆားတောင်ပြည်၏မိဖုရားကြီးကအိပ်မက်တစ်ခုကိုမြင်မက်ခဲ့သည်။၎င်းအိပ်မက်မှာကောင်းကင်ပြင်တွင်ထွန်းလင်းတောက်ပနေသည့်ကြယ်တံခွန်တစ်စင်းကမြေပြင်သို့ဆင်းသက်လာပြီးမိဖုရားကြီး၏ဝမ်းကြာတိုက်တွင်ဝင်ရောက်ကိန်းအောင်းသည်ဟုမြင်မက်ခြင်းဖြစ်သည်။

များမကြာမီ၎င်းကြယ်တံခွန်ကဝမ်းကြာတိုက်မှထွက်ပြီးရတနာသိင်္ဃတိုင်း၏အရှင်သခင်ဖြစ်သောစိတ္တဘုရင်ကြီး၏အုတ်ဂူထက်တွင်တည်နေကာကျောက်စိမ်းတိုင်း၊ပတ္တမြားတိုင်းနှင့်ဆားတောင်ပြည်သုံးပြည်ထောင်စလုံးကိုအရောင်အလင်းများဖြင့်လွှမ်းခြုံသွားစေခဲ့သည်။

ဆားတောင်ပြည်၏အမတ်ကြီးသုဝေဒကမိဖုရား
ကြီး၏အိပ်မက်ကိုနိမိတ်ဖတ်ပေးလိုက်သည်။

“မှန်လှပါဘုရား။မိဖုရားကြီးရဲ့အိပ်မက်အရမိဖုရားကြီးဟာသားတော်လေးတစ်ပါးကိုမွေးဖွားပါလိမ့်မယ်။အဲဒီသားတော်လေးဟာတိုင်းပြည်ကိုထွန်းလင်းတောက်ပစေမှာဖြစ်ပြီးပြည်သူတွေ
ကိုကြွယ်ဝချမ်းသာလာစေပါလိမ့်မယ်။ဒါ့အပြင်
သုံးပြည်ထောင်လုံးကိုလည်းသြဇာသက်ရောက်မှုရှိပါလိမ့်မယ်ဘုရား"

အမတ်ကြီး၏နိမိတ်ဖတ်စကားကြောင့်ဘုရင်
ကြီးကကျေနပ်ဝမ်းမြောက်နေပြီးတိုင်းသူပြည်
သားများကလည်းမွေးဖွားလာမည့်သားတော်လေးကိုမျှော်လင့်စောင့်စားနေကြသည်။ထိုကဲ့သို့
မျှော်လင့်နေကြရင်းမိဖုရားကြီးမွေးဖွားမည့်အ
ချိန်သို့ရောက်ရှိလာခဲ့သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now