(ရွှေဖိနပ်မင်းသား)
ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားကိုအံ့အားသင့်စွာကြည့်ရင်းမေးလိုက်မိသည်။
"နန္ဒ...မင်းလည်းဒီကိုဘာလာလုပ်တာလဲ"
"မွေးနေ့ရှင်ကမဖိတ်လို့ကိုယ့်ဘာသာကိုယ်လာတာလေ"
"ငါမွေးနေ့ပွဲမလုပ်ပါဘူးဆို"
"အင်းလေ...မွေးနေ့ရှင်ကကိုယ့်မွေးနေ့ကိုယ်
ပစ်ပစ်ခါခါလုပ်နိုင်ပေမဲ့ဘေးလူတွေကမနေနိုင်
တော့ကိုယ့်သဘောနဲ့ကိုယ်လာခဲ့ရတာပေါ့"ဆင်ဖြူ မင်းသားကသူယူလာသည့်လက်ဆောင်ကိုရုပ်ဆိုးမင်းသားလေးလက်ထဲထည့်ပေးသည်။
"ဖိနပ်လား"
"ဒါပေါ့...မင်းအဆောင်ကိုသွားရအောင်"
"ဘာလို့ငါ့အဆောင်ကိုသွားမှာလဲ"
"ဒီဧည့်ဆောင်မှာမနေချင်ဘူး။မင်းအဆောင်ကိုသွားချင်တာ"
"ငါ့အဆောင်မှာဘာတွေများရှိလို့လဲ။ဒီလောက်ခြောက်ကပ်နေတာကို"
"မသိဘူး။မင်းအဆောင်ကိုရောက်ရင်စိတ်ထဲကအလိုလိုနေရင်းပျော်နေတာ"
ဆင်ဖြူ မင်းသားကဇွတ်သွားချင်နေသဖြင့်ရုပ်ဆိုးမင်းသားလေးကမင်းသားနှစ်ပါးလုံးကိုခေါ်ပြီးသူ့အဆောင်ဘက်သို့ထွက်လာခဲ့သည်။အဆောင်တော်ထဲသို့ရောက်လျှင်မိုးနဂါးမင်းသားနှင့်ဆင်ဖြူ မင်းသားတို့အံ့အားသင့်သွားကြသည်။
"ဒါကဘယ်လိုဖြစ်တာလဲ"
ရုပ်ဆိုးမင်းသားလေးအခန်းတစ်ခုလုံးဖိနပ်တွေ
နှင့်ပြည့်နေသည်။မိုးနဂါးမင်းသားကသူယူလာသည့်လက်ဆောင်ဘူးလေးကိုဖွင့်ပြလိုက်သည်။မိုးနဂါးမင်းသား၏မွေးနေ့လက်ဆောင်ကရွှေရောင်ဖိနပ်တစ်ရံ။"ဒါကရွှေသားအစစ်ရွှေချည်မျှင်တွေနဲ့လုပ်ထားတဲ့ဖိနပ်"
ဆင်ဖြူ မင်းသားကဖိနပ်ကိုကြည့်ပြီး-
"ဝိုး...လှလိုက်တာ။တကယ့်အဖိုးတန်ဖိနပ်ပဲ။ဒါနဲ့ဒီအခန်းထဲကဖိနပ်တွေကဘာတွေလဲဟ"
"ငါလည်းမသိတော့ဘူး။မွေးကတည်းကမွေးနေ့
ပွဲဆိုတာတစ်ခါမှမလုပ်ခဲ့ဖူးဘူး။အခုငါ့အသက်နှစ်ဆယ်ပြည့်တဲ့နေ့ကျမှပြည်သူတွေကငါ့မွေးနေ့
ကိုသူတို့သဘောနဲ့သူတို့ကျင်းပကြတယ်ပြီးတော့နန်းတော်ကိုမွေးနေ့လက်ဆောင်တွေပို့ကြတယ်။သူတို့ပို့တဲ့လက်ဆောင်တွေကိုထုတ်ကြည့်လိုက်တော့အကုန်လုံးကဖိနပ်တွေချည်းဖြစ်
နေလို့ငါတောင်အံ့သြနေမိတာ"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...