အခန်း(၁၃)

250 24 0
                                    

(ပြိုင်ပွဲ)

စာသင်ဆောင်မှအထွက်တွင်ရုပ်ဆိုးမင်းသား
လေးကမိုးနဂါးမင်းသားကိုမေးလိုက်သည်။

“လက်ဆောင်ပစ္စည်းလဲတာကမိုးနဂါးတက္ကသိုလ်ရဲ့အစဉ်အလာလား"

“အစဉ်အလာဘယ်ဟုတ်ပါ့မလဲ"

“ဒါဆို"

“ငါဆရာကြီးကိုအကြံပေးလိုက်တာ။လက်ဆောင်ပစ္စည်းလဲလှယ်ပွဲလုပ်ပေးရင်းကျောင်းသားတွေအတွက်ပျော်ရွှင်စရာအမှတ်တရလေးတွေ
ဖန်တီးပေးပါလို့။မနက်ဖြန်ကျရင်တစ်ယောက်
ယောက်ဆီကပေးတဲ့လက်ဆောင်ကိုမင်းမဖြစ်
မနေလက်ခံရလိမ့်မယ်”

မိုးနဂါးမင်းသားကစကားဆုံးလျှင်သူ့ရှေ့မှထွက်သွားသည်။ရုပ်ဆိုးမင်းသားလေးကနေရာမှမရွှေ့သေးဘဲမိုးနဂါးမင်းသားကျောပြင်ကိုကြည့်
ပြီးအတွေးစတို့ကနက်နဲလာသည်။

သူတွေးမိသည်။ချမ်းသာပြီးအင်အားကြီးလျှင်ကိုယ်ဖြစ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်ယူနိုင်စွမ်းရှိသည်။ထို့ကြောင့်ဆားတောင်ပြည်ကိုလည်းချမ်းသာပြီးအင်အားကြီးသည့်တိုင်းပြည်ဖြစ်အောင်သူမဖြစ်မနေလုပ်ဆောင်ရမည်။

မိုးနဂါးတက္ကသိုလ်တွင်ပညာသင်ယူရတာသူ့အတွက်မိတ်ဆွေတွေရမလာပေမဲ့တွန်းအားတွေကတော့သေချာပေါက်ရလာသည်။

ရုပ်ဆိုးမင်းသားလေးသူ့အဆောင်ရှေ့သို့ပြန်ရောက်လျှင်ဆင်ဖြူ မင်းသားနှင့်သူ့ကိုယ်ရံတော်
ဘဒ္ဒကိုတွေ့ရသည်။

“မင်းဒီမှာဘာလုပ်နေတာလဲ”

“မင်းကိုစောင့်နေတာ"

“ဘာကိစ္စရှိလို့လဲ"

“မီးထွန်းပွဲကိုအတူတူသွားရအောင်"

“မသွားချင်ဘူး”

“ဘာလို့မသွားချင်တာလဲ။ငါတို့နှစ်ယောက်က
သူငယ်ချင်းတွေမဟုတ်ဘူးလား"

“မဟုတ်ဘူး။ငါဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ဘူး"

ဆင်ဖြူ မင်းသားအလိုမကျဖြစ်သွားသည်။မျက်ခုံးနှစ်ဖက်ကပါတွန့်ချိုးသွားသည်အထိမျက်
မှောင်ကြုံ့နေသည်။

“ချောက်ကမ်းပါးအောက်မှာတုန်းကငါတို့နှစ်ယောက်သူငယ်ချင်းတွေဖြစ်သွားပြီလို့ထင်နေတာမဟုတ်ဘူးလား"

The Ugly Prince(u&z)(Completed)Where stories live. Discover now