အခန်း-၇၇(S-3)

113 9 2
                                    

(အိမ်ယာမဲ့ပြည်သူများနှင့်တွေ့ဆုံခြင်း)

ရုပ်ဆိုးမင်းသားလေး၏အဆောင်တော်ထဲသို့မုန်တိုင်းရောက်လာခဲ့သည်။မုန်တိုင်းကမင်းသား
လေးကိုအရိုအသေပြုရင်းလျှောက်တင်လိုက်သည်။

“မင်းသားလေးရှာခိုင်းထားတဲ့လူတွေရောက်နေပါပြီဘုရား။ဧည့်ခန်းထဲမှာစုဝေးခိုင်းထားပါတယ်"

မင်းသားလေးကဧည့်ခန်းရှိရာသို့ထွက်လာခဲ့သည်။ဧည့်ခန်းထဲတွင်လူအယောက်(၅၀)ထိုင်နေသည်။၎င်းတို့ကမင်းသားလေးကိုမြင်လျှင်ရိုသေစွာဖြင့်ဦးချကန်တော့ကြသည်။မင်းသားလေးကအရိုအသေပေးမှုကိုခံယူပြီးသလွန်ပေါ်တွင်ထိုင်လိုက်သည်။ထို့နောက်၎င်းတို့ကိုဝေ့ကြည့်လိုက်ပြီး-

“အသင်တို့အားလုံးကအိမ်ယာပိုင်ဆိုင်ခွင့်ရ
ချင်တဲ့လူတွေပေါ့ဟုတ်လား”

“မှန်လှပါဘုရား"

“ကောင်းပြီ။ဒါဆိုရင်ကျွန်ုပ်ကအသင်တို့ကိုအိမ်ယာချထားပေးဖို့ထိုက်တန်ခြင်းရှိမရှိစစ်ဆေးမှုတွေပြုလုပ်ရလိမ့်မယ်”

မင်းသားလေးကစကားကိုဆက်မပြောသေးဘဲအကဲခတ်လိုက်သည်။လူငါးဆယ်လုံးကမင်းသားလေးကိုစူးစိုက်ကြည့်နေကြပြီးမင်းသားလေးပြောလာမည့်စကားကိုစောင့်မျှော်ငံ့လင့်နေ
ကြသည်။မင်းသားလေးကသူ့စကားကိုဆက်
ပြောလိုက်သည်။

“ပထမဆုံးအသင်တို့တွေသိထားရမှာကအသင်တို့တွေအိမ်တစ်လုံးကိုလိုချင်ရင်အလကားမရဘူး။ထိုက်တန်တဲ့အဖိုးအခကိုပေးဆပ်ပြီးမှယူရမယ်။ဒါပေမဲ့အဲဒီအဖိုးအခကိုပေးဆပ်ပြီးသွားရင်တော့အသင်တို့ရရှိမဲ့အိမ်ယာမြေဟာအသင်
တို့ရဲ့ပိုင်ဆိုင်မှုပဲဖြစ်ပြီးအသင်တို့သားစဉ်မြေးဆက်နေထိုင်နိုင်လိမ့်မယ်။

အသင်တို့ရဲ့လုပ်အားခတွေဟာအိမ်ငှားခအတွက်ကုန်ကျမှာမဟုတ်တော့ဘူး။အိမ်ဝိုင်းထဲက
မြေကွက်လပ်မှာကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့
ဆော့ကစားနိုင်လိမ့်မယ်။ကိုယ့်အိမ်ဝိုင်းထဲမှာသစ်ပင်ပန်းမန်တွေစိုက်ပျိုးပြီးပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ရလိမ့်မယ်။

The Ugly Prince(u&z)(Completed)Where stories live. Discover now