3. The Desire Sea

4.7K 690 13
                                    

Please scroll down for Zawgyi.

အခန်း ၃။ ဆန္ဒပင်လယ်

ကျယ်ဝန်းလှတဲ့ပန်းပင်လယ်ကြီးမှာ ပန်းမျိုးစုံနဲ့ ပြည့်နှက်လို့နေသည်၊ အချို့ပန်းတွေဆိုရင် လူ့ဘုံလောကမှာ ရှာမတွေ့နိုင်တဲ့ပန်းတွေလည်း ပါ၏။

အဲ့ပန်းတွေထဲက ပန်းတစ်မျိုးမျိုးကိုသာ လူ့ဘုံကို ယူဆောင်သွားမယ်ဆိုရင် လူသားအားလုံး တုန်လှုပ်သွားကြမှာအမှန်ပင်။ အခုတော့ သူတို့တွေက ကမ္ဘာ့အလှဆုံးပန်းအဖြစ် ငွါးငွါးစွင့်ပွင့်နိုင်ဖို့အတွက် အပြိုင်အဆိုင် ဖူးပွင့်လို့နေကြသည်။

ဒီနေရာက ငရဲဘုံရဲ့ ဆန္ဒပင်လယ်ဖြစ်၏။ ပန်းတစ်ပွင့်ခြင်းစီဟာ ဆန္ဒတစ်ခုကို ကိုယ်စားပြုကြပြီး ပန်းတွေရဲ့မွှေးရနံ့ဟာလည်း ဘုံ ၃ ဘုံမှာရှိတဲ့ သက်ရှိတိုင်းရဲ့ အနက်ရှိုင်းဆုံးသောစိတ်ဆန္ဒကို နှိုးဆွနိုင်ကြသည်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ဒီပန်းတွေရဲ့ရနံ့ကို ရှုရှိုက်လိုက်ရုံနဲ့ သက်ရှိတိုင်းရဲ့ အကျည်းတန်အရုပ်ဆိုးတဲ့တစ်ဖက်ခြမ်းကို ဖော်ထုတ်စေနိုင်သည်ပင်။

ဒါ့ကြောင့်လည်း ဒီ ဆန္ဒပင်လယ်ဟာ ငရဲဘုံရဲ့တားမြစ်နယ်မြေတစ်ခုဖြစ်သည်။

ငရဲမင်းကြီးက ဒီနေရာကိုဖန်တီးဖို့အတွက် နှစ်သန်းပေါင်း သိန်းချီကြာအောင် အချိန်ယူခဲ့ရသည်။ ဒါ့ကြောင့်လည်း ပန်းတစ်ပွင့်ချင်းစီမှာ အားကြီးတဲ့အစွမ်းတွေ ပါဝင်နေကြ၏။

အကယ်၍ လူသားတွေသာ ဆန္ဒပင်လယ်ထဲက ပန်းတစ်ပွင့်ကို စားမိမယ်ဆိုရင် စားလိုက်သူရဲ့ဘဝသက်တမ်းကို နှစ်ရာချီ ဆွဲဆန့်နိုင်သည်၊ ဆိုလိုတာက အိုမင်းရင့်ရော်တဲ့အထိ အသက်ရှည်နိုင်သည်ပေါ့။

အကယ်၍နတ်ဆိုးဒါမှမဟုတ် ဝိညာဥ်တစ်ခုခုကသာ ပန်းကို စားခဲ့မယ်ဆိုရင် သူတို့ရဲ့ကျင့်ကြံမှုအဆင့်မှာ ကြီးစွာသောတိုးတက်မှုကိုဖြစ်စေမှာဖြစ်သည်။ တချိန်တည်းမှာပဲ သူတို့ရဲ့ဉာဏ်စွမ်းတွေ တိုးလာတာနဲ့အမျှ သူတို့ တစ်ဝက်လောက်ကျင်ကြံလိုက်ရုံနဲ့ နှစ်ဆတိုး အကျိုးခံစားရမှာဖြစ်သည်ပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Wo Geschichten leben. Entdecke jetzt