Chapter 195: So He was a Good-looking Man

913 132 4
                                    

အပိုင်း ၁၉၅။ ဆိုတော့ သူက ကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့တာပေါ့

ဦးလေးဖြူဆီသွားဖို့ ငရဲမင်းကြီးရဲ့ ဆွဲခေါ်ခြင်းခံခဲ့ရသည့် ဖုန့်ရှီကတော့ တစ်လမ်းလုံး ဒရွတ်ဆွဲ ပါသွားခဲ့ကာ သူတို့ နှစ်ယောက်လုံး ဘေးခန်းမထဲ အမြန်ဆုံး ရောက်ရှိသွားကြတော့သည်။

ခန်းမထဲသို့ ဝင်သွားသောအခါ ဘေးခန်းမ၌ သန့်ရှင်းရေး လုပ်နေသော အစေခံများက ရပ်ပြီး သူတို့ကိုလေးလေးစားစား အလေးပြုလိုက်ကြသည်။

သူ မလွတ်မြောက်နိုင်သည်ကို မြင်လိုက်ရသည့်အတွက် ဖုန့်ရှီသည် ကံကိုသာ ပုံအပ်လိုက်ရကာ ဤနေရာသို့ ဆွဲခေါ်လာခြင်းကို ခံခဲ့ရသည်။ သူ ဟိုဟိုသည်သည် ရှာကြည့်လိုက်တော့ ဦးလေးဖြူကို မတွေ့သည့်အတွက် သူတို့နဲ့ အနီးဆုံး အစေခံကို "ဦးလေးဖြူ ဘယ်မှာလဲ" လို့သာ မေးလိုက်ရတော့သည်။

"ခုနက မင်းအခန်းထဲခေါ်လာတဲ့လူကို အခန်းထဲကို ခေါ်သွားပုံရတယ်၊ သူ ထွက်လာတာကို ခုထိတော့ မတွေ့သေးဘူး" လို့ ခဏလောက် စဉ်းစားလိုက်ပြီးနောက် အစေခံက ခန့်မှန်းချက်ကို ပြောပြလာသည်။

ဖုန့်ရှီက ငရဲမင်းကြီးကို ပြုံးပြီး ချက်ချင်းပြောလိုက်သည် "ဦးလေးဖြူက လင်းလေးကို သင်ကြားဖို့ အလုပ်ရှုပ်နေပုံပဲ။ အခု သူ့မှာ အချိန်မရှိတာမို့ နောက်တစ်နေ့မှ ဒီကို ပြန်လာကြရင်ရော?"

ငရဲမင်းကြီးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ မထင်မှတ်ထားတဲ့ အပြုံးတစ်ခု ပေါ်လာကာ "သွားပြီး တစ်ချက်လောက် ကြည့်လိုက်တာ ကောင်းပါတယ်"

"အိုး" ဖုန့်ရှီ ရုတ်​တရက်​ စိတ်​ဓာတ်​ကျသွားရသည်​။

ဘေးခန်းမက ခန်းမသေးတစ်ခုမဟုတ်ပေ။ နန်းတော်၏ ဘေးအခန်းတစ်ခုသာဖြစ်သော်လည်း တိတ်ဆိတ်နန်းတော်ခန်းမထက် ပိုလို့တောင် ကြီးသည်။ ထို့ကြောင့် သန့်ရှင်းရေးလုပ်ရန်အတွက် အစေခံတွေ ပိုလိုအပ်သည်။ ဘေးခန်းမတွင် အဖိုးတန်ပစ္စည်းတချို့ ရှိပြီး မည်သူ့ကိုမှ ထိခွင့် မပြုထားသည့်ပစ္စည်းများဖြစ်သည့်အတွက် ဦးလေးဖြူက ထို အစေခံတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြီးကျပ်ဖို့ နေလေ့ရှိသည်။ ဘေးခန်းမတွင် ဧည့်သည်ခန်းများ အများကြီး ရှိသည်။ ထိုအခန်းများကို ဧည့်သည်များအား ဧည့်ခံရာတွင် သုံးခြင်းဖြစ်သော်လည်း တကယ်တော့ ဧည့်သည်အနည်းငယ်သာ ခန်းမသို့ လာလေ့ရှိသဖြင့် အခန်းတွေက မကြာမကြာ လွတ်နေတတ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now