82. Doomed

1.3K 238 4
                                    

Please scroll down for Zawgyi.

အပိုင်း ၈၂။ ဂြိုဟ်ဆိုးဝင်ခြင်း

မြင့်မားသော ကောင်းကင်ထွတ်ထိပ်နန်းတော်တွင် ပုံမှန်အတိုင်း အစောင့်အကြပ်များ တင်းကြပ်နေသည်။ နေရာတိုင်းမှ လူများအား အတားအဆီးအလွှာဖြင့် ပိတ်ဆိုးတားဆီးထားသည့်အတွက် သူတို့သည် နန်းတော်ကို လေးစား ကိုးကွယ်ခြင်းအမှုကိုသာ ပြုနိုင်ကြသည်။

အတားအဆီး တုန်ခါသွားပြီးနောက် အောက်ခြေတွင် အပေါက်တစ်ပေါက် ပေါ်လာသည်။ ခိုးကြောင်ခိုးဝှက် ပုံရိပ်တစ်ခု သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘယ်သူမှ သူ့ကို မတွေ့သွားတာ သေချာအောင် စစ်လိုက်သည်။ ထို့နောက် အခြား တစ်စုံတစ်ယောက်က သူ့ကို တွေ့သွားနိုင်သည်ကို ကြောက်နေသည့်အလား အတွင်းသို့ ခြေဖော့ကာ နူးညံ့သော ခြေလှမ်းများဖြင့် ပြေးသွားလိုက်သည်။

ထိုအချိန်တွင် ညအမှောင်ထု စိုးမိုးနေပြီဖြစ်ပြီး ကြယ်များ လင်းလက်တောက်ပနေပြီး ဆန်းသစ်စ လဆန်းက ကောင်းကင်တွင် မြင့်မားပေါ်ထွက်နေ၏။ လရောင်တွင် ကောင်းကင်ထွတ်ထိပ်နန်းတော်သည် ပုံမှန်အတိုင်း တိတ်ဆိတ်နေပြီး အနည်းငယ် ပိုလို့တောင် ထူးခြား တိတ်ဆိတ်နေသည်။

"သခင်၊ သခင်က ပြန်ရောက်တာ နောက်ကျနေတဲ့အတွက် ဘုရင်ကြီးကို ခွင့်လွှတ်ဖို့ သွားတောင်းဆိုသင့်တယ်။"

စာအုပ်နတ်ဘုရားက ကြက်သီးထနေသော သူ့လက်မောင်းတစ်ခုလုံးကို ပွတ်လိုက်ပြီး အလွန့်အလွန်ကို ဆိုးဝါးစွာ ခံစားမိပြီး ပြောလိုက်သည်။

သူ့သခင်စကားကို နားထောင်မိတဲ့အတွက် သူ နောင်တရနေပြီဖြစ်သည်။ သူတို့ အပြင်တွင် တစ်နာရီထက်ပိုကြာကြာ ဆော့ကစားပြီးသည့်နောက် မှောင်နေပြီဆိုသည်ကို သူ သိရှိ သဘောပေါက်သွားသည်။ သူ့သခင်က သူနှင့်အတူ ရှိနေသ၍ သူ အဆင်ပြေမည်ဆိုသည်ကို သိသော်လည်း သူ့မျက်နှာ သွေးဆုတ်ဖြူလျော်သွားတာကိုတော့ သူ မထိန်းနိုင်ပေ။

သို့သော် နောင်တရဖို့တော့ အတော့ကို နောက်ကျနေပြီပင်!

"တုံးလိုက်တဲ့ကောင်! ငါ့ခေါင်းကို ကြိုးကွင်းစွပ်ဖို့ ဘာလို့ အကြံလာပေးနေတာလဲ? ငါ့ခေါင်းဆောင်က အခုဆို ဒေါသအရမ်းထွက်နေလောက်ပြီ။ ငါ အခုချက်ချင်း သူ့ဆီသွားလိုက်မယ်ဆိုရင်​ ဂြိုဟ်ဆိုး ဝင်သွားမှာပေါ့။ မင်း သွားချင်တယ်ဆိုရင် မင်းဖာသာမင်း သွား၊ ငါ့ လာအဖော်မစပ်နဲ့!" ဖုန့်ရှီက သူ့မျက်စံနက်တစ်စုံဖြင့် ဟိုဒီကြည့်ရင်း အသံတိုးတိုးပြောကာ နံရံကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက် ပေါ်လာခဲ့သည်ရှိသော် ဘယ်ချိန်မဆို သူ ပြေးပုန်းနိုင်အောင် ပြင်ဆင်ထားသည့်အလား ပတ်ဝန်းကျင်သို့ အကြိမ်ပေါင်းများစွာ ကြည့်ရှုနေသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now