76. Contribution Value and Crystal Card

1.5K 273 4
                                    

Please scroll down for Zawgyi.

အပိုင်း ၇၆။ အားစိုက်ထုတ်မှုတန်ဖိုးနှင့် သလင်းကတ်

ကောင်လေးက မိစ္ဆာသားရဲဥကို တိတ်ဆိတ်ကြေကွဲစွာ ငေးကြည့်နေတယ်။

ဦးလေးဖြူက သူ့ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး မိစ္ဆာသားရဲဥကို သူ့အိတ်ကပ်ထဲ ထည့်လိုက်တယ်။ အဲ့နောက် ကောင်လေးရဲ့ ပြူးကျယ်ကျယ်မျက်လုံးအစုံကို ကြည့်လိုက်ပြီး ကြောက်မက်ဖွယ်အသံနဲ့ အော်လိုက်တယ်၊ "ထွက်လာခဲ့။"

အဲ့တာကို ကြားတော့ ဖုန့်ရှီက လည်ပင်းလေး ကျုံ့သွားတယ်။ ဦးလေးဖြူ သူ့မိစ္ဆာသားရဲဥကို နိုင်ငံတော်ဘဏ္ဍာပိုင်အနေနဲ့ ပြန်လည်သိမ်းယူသွားတဲ့အချက်ဟာ သူ့ကို အလွန်စိတ်တိုစေတဲ့အတွက် အင်္ကျီကို ကျစ်ကျစ်ပါအောင် မဆုပ်ကိုင်ဘဲ မနေနိုင်တော့ပေ။ အဲ့နောက် သူက ဘုရင်ကြီးနောက်မှာ ရပ်နေရာကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ဝုန်းဒိုင်းကြဲနေတဲ့ ကလေးဆိုးတစ်ယောက်လို ပြန်ပြောလိုက်တယ်၊ "ကျွန်တော် ခင်များနဲ့ ဆက်မတိုက်ချင်တော့ဘူး။ ခင်များလို စွမ်းအားကြီးတ့သူတစ်ယောက်ကို ကျွန်တော်က ဘယ်လိုလုပ် နိုင်အောင် တိုက်နိုင်မှာလဲ? ကျွန်တော် ထွက်တယ်!"

ဦးလေးဖြူက ကောင်လေးကို အေးစက်စက်အမူအယာနဲ့ တစ်ချက်ကြည့်လိုက်တယ်။ အဲ့တော့ တဖက်လူက ချက်ချင်းပဲ ခေါင်းပြန်ဝင်သွားလေရဲ့။

ကောင်လေး ထပ်မထွက်လာဖို့ ဆုံးဖြတ်လိုက်တာကို မြင်တော့ ဦးလေးဖြူက ဘုရင်ကြီးကို ကြည့်လိုက်ပြီး ပြောလိုက်တယ်၊​ "မင်းကြီး၊ သခင်လေး..."

"ဦးလေးဖြူ၊ အခုသွားလို့ရပါပြီ။" ဘုရင်ကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဦးလေးဖြူကို ထွက်သွားခိုင်းလိုက်တယ်။

"ကောင်းပါပြီ မင်းကြီး!" ဦးလေးဖြူက ဘုရင်ကြီးရဲ့ အမိန့်ကို ဘယ်တုန်းကမှ မနာခံဘဲမနေခဲ့ပေ၊ အဲ့တာကြောင့် သူက အငြင်းမပွါးတော့ဘဲ တိတ်ဆိတ်နေတဲ့ နန်းတော်ခန်းမထဲကနေ ထွက်သွားလိုက်တယ်။ ဟုတ်တာပေါ့ အဲ့ဒီ့ မိစ္ဆာသားရဲဥကိုပါ သူ အပါယူသွားတာပေါ့။ အဲ့တာက ကိုးကွယ်ကလပ်ပေါ်မှာ ပြန်ပြီး ပေါ်လာလိမ့်မယ်လို့ ဖုန့်ရှီက မှန်းဆလိုက်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now