80. Being Provoked

1.4K 256 2
                                    

Please scroll down for Zawgyi.

အပိုင်း ၈၀။ ရန်အစခံရခြင်း

မှောင်ရီဖြိုးဖျတဲ့ နေဝင်ရီတရောအချိန်မှာတော့ အစိမ်းရောင် ငရဲသားအသင်းခန်းမဟာ တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။

ဖြုတ်ထုတ်ပွဲအပြီး အလှည့်အပြောင်းပွဲစဉ်တွင် ကောင်လေးတစ်ယောက် ထူးချွန်သော ရမှတ်တွေ ရရှိခဲ့သည်။

သူတော်စင်နယ်ပယ်အဆင့် မိစ္ဆာသားရဲမှ ကြီးမားသော ပံ့ပိုးကူညီမှု ပါဝင်ခဲ့သော်ငြား နတ်ဘုရားဘုရင်နယ်ပယ်အဆင့် ကောင်လေးသည်လည်း လူအားလုံးကို အထင်ကြီးသွားစေခဲ့သည်။ ကောင်လေးနှင့် မိစ္ဆာတို့ ကောင်းမွန်သော တွဲဖက်ညီ အဖွဲ့အဖြစ် လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့ထက် ပို၍ အဆင့်မြင့်သော နယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်ကိုပင် စိန်ခေါ်ခဲ့သည်။ သို့သော်လည်း လူအားလုံး အလွန့်အလွန် အံ့အားသင့်ဖွယ်ရာဖြစ်သွားသည်ကား အဆိုပါပညာရှင်သည်လည်း အခြားတက်ရောက်သူများကဲ့သို့ပင် ကွင်းအပြင်သို့ အပစ်ခံလိုက်ရခြင်းပင် ဖြစ်သည်။

"သခင်၊ သူတို့တွေကို ဘာလို့ ကွင်းအပြင်ဘက်ရောက်အောင် ထိုးရတာလဲ?" စာအုပ်နတ်ဘုရား နှုတ်ခမ်းတွန့်သွားကာ နောက်ဆုံး သံသယဖြင့် ထုတ်မေးလိုက်သည်။

"ငါ ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် အခြားသူတွေကို ကွင်းအပြင်ကို ကန်ထုတ်ရမယ်လို့ သူတို့ပြောခဲ့တယ်မဟုတ်လား?" ဖုန့်ရှီ ခေါင်းကုတ်လိုက်သည်။ သူ စည်းမျဉ်းကို မှားမကြားမိခဲ့ဟု တွေးလိုက်သည်။

စာအုပ်နတ်ဘုရား ပထမတော့ ကြောင်သွားပြီးနောက် လေးပင်စွာပြောလိုက်သည်၊ "သခင်၊ အလှည့်အပြောင်းပြိုင်ပွဲမှာ အဲဒီ့အကဲဖြတ်ဒိုင် ပြောခဲ့တဲ့အတိုင်း အသုံးချခဲ့တာလို့တော့ မပြောနဲ့နော်။"

"အဲ့တာ မှားနေလို့လား?" ဖုန့်ရှီ နှာခေါင်းရှုံ့လိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဟုတ်ပါပြီ၊ သခင် ဘာမှ အမှားမလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ သာမာန်ဆို ကျင့်ကြံသူတစ်ယောက်က သူ့ပြိုင်ဖက်ကို ကွင်းထဲက ထုတ်ပစ်မယ့်အစား အနိုင်ယူမယ့်နည်းလမ်းကို အမြဲ စဉ်းစားသင့်တယ်။ သခင်လုပ်ခဲ့တာက အဲ့တာနဲ့ ဘာမှ ကွဲပြားမှုမရှိတော့ဘူး...." ကြမ်းကြုတ်ရက်စက်တဲ့လူ!

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now