Chapter 177 Attacking from Behind the Back

813 121 3
                                    

အပိုင်း ၁၇၇။ နောက်ကျောမှ တိုက်ခိုက်ခြင်း

ထယ်ဖုန်းမြို့တွင်းက ညသည်ကား နေ့ခင်းပိုင်းထက်ပို၍တောင် စည်ကားနေသေးသည်၊ အထူးသဖြင့် ဖုန့်ရှီ နေထိုင်သော တည်းခိုခန်းအတွင်ပင်။

'ချမ်းသာသော အမျိုးသမီးနှင့် မိန်းမပျိုငယ်လေး' ဆိုသော သတင်းက ပျံ့နှံ့သွားကတည်းက လူတချို့က မကြာမကြာ တည်းခိုခန်းအတွင်းသို့ ဝင်လာမဆဲ တသဲသဲမို့ မန်နေဂျာနှင့် စားပွဲထိုးတို့ ပိုလို့တောင် ပျော်နေကြ၏။ သူတို့အစကတော့ ရှက်နေကြပေမဲ့ အခုတော့ သူတို့စိတ်တွေက သလင်းတွေအများကြီးနှင့် ပြည့်လို့နေပြီဖြစ်သည်၊ သူတို့တွေ ဧည့်သည်တွေကို လက်ခံ၊ ငွေတွေကောက်ရင်းဖြင့် အလုပ်ရှုပ်လို့နေသည်။

သို့သော် ပျားပန်းခတ် စည်ကားနေသော လေထုက ရောက်ရှိလာသော လူတစ်ချို့ကြောင့် ပြိုပျက်သွားရ၏။ အဲ့အချိန်တစ်ခဏ လူအားလုံး ငြိမ်ကျသွားတော့သည်။

ထျန်ယာဂိုဏ်းတွင်း၌ ခေါင်းဆောင်ပြီးလျင် ဒုတိယလိုက်သော သောင်ပင်းရှန်သည်ကား နတ်ဘုရားခေါင်ချုပ် ကြယ်ရှစ်ပွင့်အဆင့်ရှိသည့် အားကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အဲ့အပြင် သူ့ကျော်ကြားမှုက ခေါင်းဆောင်ထက်တောင် ပိုပြီး နာမည်ဆိုးနှင့်ကျော်ကြား၏။ သူ လူသတ်တိုင်းတွင် ခံရသူကို စကားပြောခွင့် အခွင့်အရေး တစ်ခုတစ်လေတောင် မပေးခဲ့ဘူးသူဖြစ်သည်။ ထိုအစား သူက တူကြီးနှင့် ပြင်းထန်စွာရိုက်ကာ ရိုင်းစိုင်းစွာတိုက်ရိုက်ချေမှုန်းတတ်သူဖြစ်သည်။ အားနည်းသောကျင့်ကြံသူဆို သူ့ကြောင့် အပိုင်းပိုင်းအစစ ခြေမွခံလိုက်ရမှာဖြစ်သည်။

ထို့အတွက် ဘယ်သူကမှ ဒီလို ဒေါသကြီးသည့်လူမိုက်ကို ရန်စရဲကြမည်မဟုတ်ပေ။

လွင်ပြင်တွင် သန်မာအားကြီးသော ကျင့်ကြံသူအများကြီးမရှိ။ သောင်ပင်းရှန်လိုမျိုး ထိုသို့ သန်မာသော ကျင့်ကြံသူဆို ထိပ်ဆုံးပိုင်း နံပါတ်၁ သို့မဟုတ် နံပါတ်၂ နေရာလောက် ရှိလောက်မည်။ အနိမ့်စား ကောင်းကင်ဘုံ နတ်ဘုရားဆင့် ကျင့်ကြံသူအနေနှင့်သူဆိုလျင် သိရသလောက်တော့ လွင်ပြင်ကျယ်တွင် ထျန်ယာဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော ရှီချန်းရှန်သာဖြစ်သည်။ သူ့ရဲ့ကျင့်ကြံဆင့်အတိအကျကို ဘယ်သူမှ မသိ။ သူက တကယ့်ခေါင်ဆိုတာသာ သိကြသည်။ တခြားဓါးမြဂိုဏ်းတွေက ထျန်ယာဂိုဏ်းကို မကြိုက်ကြသော်ငြား ရှီချန်းရှန်ကြောင့်သာ သူတို့တွေရဲ့ သဘောမကျမှုကို မဖော်ပြဝံ့တာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now