43. Bottom Hitting the Ground

1.9K 318 3
                                    

အပိုင်း ၄၃။ တင်ပါးနဲ့ မြေကြီး မိတ်ဆက်ခြင်း

ဘယ်ကိုမှ မသွားနဲ့?

ဒါဆို သူ ခြေချုပ်ကျတာပေါ့?

'ခေါင်းဆောင်၊ မင်းက အရမ်းသေးသိမ်တာပဲ! ကျွန်တော် နှစ်ကြိမ်ပဲ အပြင်ထွက်ရသေးတယ်။ ကျွန်တော် အပြင်ထွက်တဲ့အချိန်တိုင်း ပြဿနာနဲ့တိုးပြီး အချိန်တိုင်း ခင်များ ကျွန်တော့ကို ကယ်နေရတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ခင်များရဲ့ မိတ်ဆွေကို အနိုင်ကျင့်တဲ့သူတွေကို ကိုင်တွယ်ရမှာ ခင်များရဲ့ တာဝန်ပဲလေ၊​ ဟုတ်တယ်ဟုတ်?'

'ခင်များမိတ်ဆွေ အလေးစားခံလာရပြီဆိုတာနဲ့ ခင်များလည်း ကျွန်တော့ ခေါင်းဆောင်အနေနဲ့ ပိုပြီး ဂုဏ်ရှိလာမယ်၊ ဟုတ်တယ်မှတ်လား?'

'ဘာလို့ ကျွန်တော် ခြေချုပ်ကျရမှာလဲ?!'

'ကျွန်တော်ခိုးထားခဲ့တဲ့ မိစ္ဆာသားရဲဥတောင် မရောင်းရသေးဘူး!'

ဖုန့်ရှီက စိတ်ထဲကပဲ ညီးညူလိုက်တယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ငြင်းဆန်ငြင်းဆန် ခြေချုပ်ကျသွားပြီဆိုတဲ့ အချက်ကတော့ အတည်ဖြစ်သွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ် အပြင်ဖက်ကလူတွေအားလုံး သူ့အကြောင်းကို ပြောနေကြတယ်၊ အတော်များများဆို သူဘယ်လိုပုံပန်းသဏ္ဍာန်ရှိသလဲဆိုတာပါ တွေ့ဖူးသွားကြပြီ။ သူ ခုနေသာ အပြင်ထွက်မယ်ဆိုရင် အခြားသူတွေ သူ့ကို ချက်ချင်း မှတ်မိသွားကြမှာ၊ ဒါ့ကြောင့် အရင်တစ်ခေါက်ကလို သူ့အကြောင်းဆွေးနွေးတာတွေ ငြိမ်သွားတဲ့အချိန်အထိ မထင်မရှားနေဖို့ လိုအပ်တယ်!

ဖုန့်ရှီက ဒီတစ်ကြိမ်က အရင်တစ်ခေါက်ကထက်ကို ပိုပြီး ရှင်းရှင်းလင်းလင်းကို အမွှေကြီး မွှေခဲ့လိုက်တာ။ နောက်ဆုံးတော့ ငရဲသားအားလုံးရဲ့ မြင့်မြတ်တဲ့ ဂုဏ်အဆင့်အတန်း ဖြစ်တည်မှုကို ရုတ်သိမ်းလိုက်တဲ့ ဒီလို ထိရှလွယ်တဲ့ သတင်းကို ကြေငြာလိုက်တာ ပထမဆုံး အကြိမ်ပဲ။

နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော်လည်း ဒီ သတင်းအကြီးကြီးကို ရပြီးလောက်ကြပြီ။ အခုဆို ဖုန့်ရှီအကြောင်းက ပိုပြီးတော့ကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားလောက်ပြီဖြစ်တာကြောင့် ဖုန့်ရှီအတွက်တော့ လုံးဝမကောင်းဘူး။ အဲ့တာကြောင့် ဘုရင်ကြီးက ဖုန့်ရှီအတွက် စဉ်းစားပြီး ဖုန့်ရှီကို ခြေချုပ်ချလိုက်တာ ဖြစ်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now