8. Leader

3.5K 558 5
                                    

အပိုင်း ၈။ ခေါင်းဆောင်

"အဲ့ထက်ပိုနည်းလို့မရနိုင်ဘူးလား"
ကောင်လေးက မရဲတရဲ မေးလိုက်သည်။

အဲ့တာကြားလိုက်တော့ ဘုရင်ကြီးက ခေါင်းထောင်လိုက်လေ၏။ သူ့ရဲ့ နတ်ဘုရားတမျှ ခန့်ညားတဲ့မျက်နှာဟာ အခုခါမှာ တောက်ပနေပြီး အလွန့်အလွန် ညှို့ငင်ဆွဲဆောင်နေသလိုပင်။ နဖူးထက်ကကျောက်မျက်ရဲ့တောက်ပမှုဟာ ပန်းတွေရဲ့အလှကိုတောင် ယုတ်လျော့သွားစေသည်။ သူက ကောင်လေးကို တချက်ကြည့်လိုက်ပြီး...

"မင်း အာကာသပညာရပ်ကို အခြေခံကနေ စသင်ဖို့လိုတယ်။ မင်းရဲ့ကျင့်ကြံမှုအခြေခံကလည်း လုံလုံလောက်လောက်မရှိဘူး။ ဒါ့ကြောင့် လေ့ကျင့်သင်ကြားနေစဉ်အတွင်း မင်းကိုယ်မင်း တိုးတက်အောင်လုပ်ရမယ်။"

စိတ်ဓါတ်ကျသွားတဲ့ကောင်လေးကတော့ ဘုရင်ကြီးမျက်လုံးထဲက တောက်ပသွားတဲ့ အလင်းရောင်တို့ကို မတွေ့လိုက်ပေ။

ကောင်လေးရဲ့နူးညံ့တဲ့မျက်နှာလေးက ငရဲမင်းကြီးရဲ့မျက်လုံးထဲ ထင်ဟပ်နေပေမယ့် သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင်လုပ်လိုက်၏။

တကယ်ကတော့ ဘုရင်ကြီးက အမှန်တရားတစ်ခုလုံးကို မပြောခဲ့ပေ။

ကောင်လေးရဲ့ကျင့်ကြံမှုအခြေခံက မလေးနက်ပေမယ့် ကောင်လေးဟာ ဧရာမပန်းကြီးထံက စွမ်းအင်တွေအားလုံးကို စုပ်ယူထားပြီးဖြစ်သည့်အတွက်ကြောင့် လက်ရှိမှာ ကောင်လေးရဲ့ခန္ဓာကိုယ်ဟာ စွမ်းအင်သိုလှောင်ခန်းတစ်ခုသဖွယ်ဖြစ်လို့နေသည်။ ကောင်လေးက ကျင့်ကြံမှုမှာ အာရုံစိုက်လိုက်ပြီဆိုသည်နှင့် သူ့ကိုယ်ထဲကစွမ်းအင်တွေက စိတ်ဝိညာဉ်စွမ်းအားအဖြစ်ပြောင်းသွားမှာဖြစ်ပြီး စစ်မှန်တဲ့နတ်ဘုရားဘုံမှာ မသေမျိုးအဖြစ် ဖြစ်လာဖို့ဆိုသည်မှာလည်း အချိန်အနည်းငယ်ပဲ ကြာမှာဖြစ်သည်။ အဲ့အခါဆို အာကာသပညာရပ်ကို သင်ယူလေ့လာဖို့ဆိုတာ သူ့အတွက် အလွန်လွယ်ကူသွားပေလိမ့်မည်။

ဒါပေမယ့် ငရဲမင်းကြီးက ဒီအကြောင်းကို ကောင်လေးကိုပြောပြဖို့ရည်ရွယ်ချက်မရှိပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now