57. The Assessment (2)

1.6K 284 2
                                    

အပိုင်း ၅၇။ အကဲဖြတ်မှု ()

ဦးလေးဖြူ ဝတ်ထားတဲ့ အဝတ်ဖြူက သူ့ကို ပိုပြီး ဘာမှအလေးမထား၊ ခံစားမှုမရှိသူတစ်ယောက်လို ပိုပေါက်စေတယ်။

ဦးလေးဖြူက အမြဲ အေးစက်တဲ့ အရှိန်အဝါ ထုတ်လွှတ်နေပြီး၊ ဘေးကရှိတဲ့သူတွေကို သူနဲ့ မိုင်ထောင်ချီအဝေး ရောက်အောင်လုပ်နေသလို ဖြစ်နေတဲ့အတွက် ဘုရင်ကြီးနဲ့မတူဘဲ ဦးလေးဖြူက သူ့အသွေးအသားထဲမှာကိုက ဂရုမစိုက်၊ အာရုံမစိုက်တဲ့လက္ခဏာအမူအကျင့်က ရှိနေပုံပေါ်နေတယ်။

သူ့ကိုတွေ့တဲ့ ဘယ်သူမဆို သူ့ဆီကနေ ခြေတစ်လှမ်း နောက်ဆုတ်ချင်သွားကြမှာဖြစ်ပြီး သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံဖို့အကြံကို စွန့်လွှတ်လိုက်ကြမှာပင်။

အဲ့တာက ဖုန့်ရှီ ဦးလေးဖြူနဲ့ရှိတဲ့ အချိန်တိုင်း ဘာလို့ သူ့သွေးတွေ အေးခဲသွားရသလို အမြဲခံစားသွားရသလဲဆိုတာပါပဲ။

သူအခု သူ့ကျင့်ကြံမှု အဆင့်အမြင့်တစ်ခုကို ရောက်ပြီဖြစ်တယ်၊ အဲ့တော့ အဲ့ခံစားချက်က အရင်ကထက်တောင် ပိုသန်မာလာသေးတယ်။

"ဦးလေးဖြူ၊ ဘာလို့အဲ့မှာ .... အာ၊ မိစ္ဆာသားရဲ ဆွဲထားတဲ့ လှည်းက ဘာလို့ ရှိနေတာလဲ?" ဖုန့်ရှီက တံခါးအရှေ့က ထူးဆန်းတဲ့လှည်းကို အကြည့်ရောက်သွားပြီး ဦးလေးဖြူ သူ့ကို မကြည့်တော့အောင် ဦးလေးဖြူရဲ့ အာရုံ ထွေပြားအောင်လုပ်တဲ့အနေနဲ့ မေးလိုက်တယ်။

ဖုန့်ရှီက အဲ့တာကို လှည်းတစ်ခုလို့ ခေါ်လိုက်ပေမဲ့ အဲ့တာက လူ့ဘုံက လှည်းနဲ့ လားလားမှ မတူပါဘူး၊ ပြောရမယ်ဆိုရင် လှည်း လုံးဝမဟုတ်ဘူး။

ဖုန့်ရှီ ဘာလို့ အဲ့တာကို မိစ္ဆာသားရဲဆွဲထားတဲ့လှည်းလို့ ခေါ်တာလဲဆိုတော့ အဲ့တာကို ဖော်ပြဖို့ ပိုကောင်းတဲ့စကားလုံး သူ ရှာမတွေ့လို့ ဖြစ်တယ်။

တံခါးအရှေ့မှာ ငွေရောင်ကျား အကြီးကြီးတစ်ကောင် ရှိနေတယ်။ အခုလောလောဆယ် အဲ့ကျားရဲ့အလွန့်အလွန် နူးညံ့တဲ့အမွှေးတွေအပေါ်မှာ လှိုင်းသေးသေးလေးတွေ ထနေအောင် လေတိုက်နေတယ်။ သန်မာပြီး ကျက်သရေရှိတဲ့ကျားက သူ့ကျောပေါ်မှာ ငါးမီတာ ခြောက်မီတာလောက် ရှည်တဲ့ တောင်ပံခပ်ရှည်ရှည် တစ်စုံလည်း ရှိသေးတယ်။ သူ့လှုပ်ရှားမှုက အလွန်ကို နူးညံ့ပုံပေါ်နေပေမဲ့ တကယ်တော့ အားအင်အပြည့်ပဲ ဖြစ်တယ်။ ကျိုးနွံ့တဲ့ပုံဟန်နဲ့ သူ့ရဲ့ ရွှေရောင်မျက်လုံးနှစ်လုံကို မြေပြင်ကို အကြည့်စိုက်ထားပေမဲ့ ဘယ်သူမှ မချည်းကပ်ဝံ့ကြပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now