Chapter 189 Gifts for Uncle White

1K 131 0
                                    

အပိုင်း ၁၈၉။ ဦးလေးဖြူအတွက် လက်ဆောင်များ

အလယ်ပိုင်းဒေသရှိ အကြီးဆုံးမြို့တော်သည် နတ်ဘုရားကိုးပါးမြို့တော်ဖြစ်သည်။ ထိုအမည်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ၎င်းကို ကောင်းကင်ဘုံနတ်ဘုရားကိုးပါးအား အမှီပြုပြီး မှည့်ခေါ်ထားခြင်း ဖြစ်သည်။

နတ်ဘုရားကိုးပါးမြို့တော်သည် ကောင်းကင်ဘုံနတ်ဘုရားကိုးပါး၏ အခွင့်အာဏာကို ကိုယ်စားပြုသည့် ကောင်းကင်ဘုံ နတ်ဘုရားကိုးပါး၏ အရေးအကြီးဆုံးသင်္ကေတဖြစ်သည်။ ထို့ကြောင့် စည်းကမ်းတင်းကျပ်လှသည့် ဤမြို့၌ မည်သူကမျှ အရှုပ် မလုပ်ဝံ့ကြပေ။ နေ့တိုင်း အစောင့်တွေက အလှည့်ကျ လှည့်ပတ်စောင့်ကြပ်နေကြပြီး အငြင်းအခုံတစ်ခု ဖြစ်လာသည်နှင့် တပြိုင်နက် အစောင့်အကြပ်များက ထိုနေရာသို့ အမြန်ရောက်သွားကြမည်ဖြစ်သည်။ ရှုပ်ယှက်ခတ်ဝံ့သူ မည်သူမဆို နတ်ဘုရားကိုးပါးမြို့တော်မှ နှင်ထုတ်ခံရမည်ဖြစ်သည်။ အခြေ အနေ ပြင်းထန်ပါက မြို့တွင်းသို့ ဝင်ခွင့် ထပ်ပြုတော့မည်မဟုတ်တော့ပေ။

နတ်ဘုရားကိုးပါးမြို့တော်သည် နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်တွင် အကြီးမားဆုံးသောမြို့ကြီးဖြစ်ပြီး သန်မာသော ကျင့်ကြံသူအများအပြားစုဝေးရာနေရာဖြစ်သည်။ နေထိုင်သူ မြို့သူမြို့သားဦးရေမှာ စံချိန်တင် မြင့်တက်လှ၏။

ဤသည်မှာ နတ်ဘုရားကိုးပါးမြို့တော်သည် ကြီးမားသော ရတနာတိုက်တစ်ခု ဖြစ်ခြင်းကြောင့်ဖြစ်သည်။ အခြားနေရာများတွင် ရှာဝယ်လို့မရသည့် ပစ္စည်းအားလုံးနီးပါးကို ဒီမှာ ရှာတွေ့နိုင်ပါသည်။ မည်မျှပင် ရှားပါးသည့် ရတနာဖြစ်ပါစေ စိတ်ရှည်ရှည်နှင့် ရှာမည်ဆိုလျင် နတ်ဘုရားကိုးပါးမြို့တော်တွင် တွေ့နိုင်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် မှော်ဆန်သော ပစ္စည်းများလည်း ထွက်ပေါ်လာတတ်ခြင်းကြောင့် မည်သူမျှ မြို့ပြင်သို့ နှင်ထုတ်ခြင်း မခံလိုကြပေ။

ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့ ခရီးအပြေးနှင်လာကြရာ နတ်ဘုရားကိုးပါးမြို့တော်သို့ မွန်းတည့်ချိန်၌ ရောက်ရှိလာကြသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now