11. The Truth

3.1K 460 1
                                    

အပိုင်း ၁၁။ အမှန်တရား

၂ရက်ကုန်ဆုံးသွားပြီ။ ဝိညာဉ်ကူးပြောင်းနန်းတော်ကတော့ တိမ်ဖုံးနေဆဲပင်။

နန်းတော်အရှင်က ဘာခံစားချက်မှမပါတဲ့မျက်နှာနဲ့ မတ်မတ်ထိုင်နေပြီး ရှေ့တော်မှောက် ဒူးထောက်ခစားနေကြတဲ့အမှုထမ်းတစ်စုကတော့ လွန်ခဲ့တဲ့ ၂ရက်ကသေဆုံးသွားခဲ့တဲ့ လေလွင့်ဝိညာဉ်ကို ဘာကြောင့်အရေးပေါ် ရှာခိုင်းသလဲဆိုတာ မသိကြတဲ့အတွက် အချင်းချင်း ကြည့်လိုက်ကြသည်။

ဒါပေမဲ့ သူတို့မှာ အရှင်ခိုင်းတာကိုမေးခွန်းပြန်ထုတ်ခွင့်မရှိသည့်အတွက်ကြောင့် သူတို့လုပ်ရမည့်တစ်ခုတည်းသောအရာက တွေ့ရှိချက်ကိုအစီရင်ခံတင်ပြရန်သာဖြစ်သည်။

"အဲ့ဒီ့လေလွင့်ဝိညာဉ်ကို မင်းတို့ ဘယ်မှာမှရှာမတွေ့ကြဘူးလား၊ အဲ့လိုလား?" အတွေးတို့နဲ့ ခေတ္တတိတ်ဆိတ်နေပြီးနောက် အရှင်က ဖြည်းညင်းစွာမေးလိုက်သည်။

အမတ်ချုပ်ကြီး နွားနက်မိစ္ဆာက ထရပ်ပြီး ရိုသေစွာစကားပြန်လိုက်သည်၊ "အရှင်၊ နန်းတော်အနှံ့နဲ့ အပလောကအစွန်အဖျားအထိ လူကုန်လွှတ် ရှာဖွေခဲ့ပါတယ်။ အရှင်ပြောတဲ့လေလွင့်ဝိညာဉ်ကို သူတို့ ဘယ်မှာမှရှာမတွေ့ခဲ့ပါဘူး၊ ဒါပေမဲ့ ...."

ပြောနေရင်းဖြင့် နွားနက်မိစ္ဆာက ခဏရပ်လိုက်ပြီး ဆက်ပြောသင့် မပြောသင့် တုံ့ဆိုင်းသွားပုံပေါ်၏။

"ဒါပေမဲ့?" အရှင်က မျက်လုံးမှ အေးစက်သောအလင်းတန်းတို့ ထုတ်လွှတ်ရင်း ပြောလိုက်သည်။

နွားနက်မိစ္ဆာ ထိတ်လန့်သွားပြီး သိပ်မကြာခင်ကသူရရှိခဲ့သော သတင်းအချက်အလက်အားလုံးကို အရှင့်ကို ပြောလိုက်၏။

"လွန်ခဲ့တဲ့တစ်နာရီက သက်ပြင်းချတံတားမှာ မယုံနိုင်စရာတစ်ခု ဖြစ်သွားခဲ့တယ်။ ရွှေရောင်အလင်းတို့ တစ်ကိုယ်လုံးထုတ်လွှတ်နေတဲ့ လေလွင့်ဝိညာဉ်တစ်ဦး ဘဝသုံးဆက်ကျောက်တုံးပေါ် ရုတ်တရက် ပေါ်လာခဲ့တယ်။ အဲ့ဝိညာဉ် ဘာဖြစ်သွားတာလဲဆိုတာ ဘယ်သူမှမသိဘူး။ အဲ့ဒီကို အပလောကရဲ့ ဇာမဏီဘုရင်ရောက်လာတဲ့အချိန်မှာပဲ လေလွင့်ဝိညာဉ်ဟာ အစိမ်းရောင်အလင်းတန်းတို့နဲ့ ရစ်ပတ်ခံရပြီး ဘဝသုံးဆက်ကျောက်တုံးပေါ်ကနေ ပျောက်သွားခဲ့တယ်။ ဘာဖြစ်သွားတာလဲဆိုတာကို ဇာမဏီဘုရင်လည်း နားမလည်နိုင်ခဲ့ဘူး။ အဲ့ရွှေရောင်ဝိညာဉ်က အရှင်ရှာနေတဲ့လေလွင့်ဝိညာဉ်များဖြစ်နေမလားလို့ တွေးနေတာပါ။"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Kde žijí příběhy. Začni objevovat