4. That Thing

4K 691 16
                                    

Please scroll down for Zawgyi.

အပိုင်း ၄။ ထိုအရာ

ရွှေရောင်ဖလင်ဟာ ဆပ်ပြာပူဖောင်းလို ပါးလွှာပြီး အလွန့်အလွန်ကွဲကြေလွယ်တဲ့ပုံပေါ်ကာ အနည်းငယ်ထိမိရုံနဲ့တင် အလွယ်တကူ ကျိုးပဲ့သွားနိုင်ပုံရသည်။

အဝတ်မဲ့ခန္ဓာကိုယ်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မွေးကင်းစကလေးတစ်ယောက်ကဲ့သို့ နူးညံ့တဲ့အသားအရည်ပိုင်ရှင် လူငယ်လေးကို ဘုရင်ကြီးက သယ်ဆောင်လိုက်သည်။

ကမ္ဘာကြီးတစ်ခုလုံး ခဏတိတ်ဆိတ်သွား၏။ ပန်းပွင့်တွေရဲ့ပွင့်ဖူးသံ၊ မြေမှာပေါက်နေတဲ့ မြက်ရိုင်းတို့ရဲ့လေနွဲ့ရာယိမ်းထိုးသံတွေပဲ ကြားရတော့သည်။

အလွန်ချောမောပေမယ့် ခံစားချက်ကင်းမဲ့တဲ့ မျက်နှာထားရှိတဲ့ ငရဲမင်းကြီးကကောင်လေးကို ဂရုမစိုက်ဘဲ ငေးကြည့်နေကာ သူ့ရဲ့အသူရာချောက်လို နက်မှောင်နေတဲ့မျက်ဝန်းအစုံက ပြောင်းလဲမှုမရှိချေ။ သူ့မျက်နှာထားက ခံစားချက်မပါဘဲမွေးလာတဲ့သူလို စိတ်မပါလက်မပါ မျက်နှာထားနဲ့သာ။ သူ လက်ဖျောက်တစ်ချက်တီးလိုက်တော့ ကောင်းကင်လမ်းက သူ့လက်ထဲ ချက်ချင်းပေါ်လာ၏။ အချိန်တိုအတွင်းမှာပဲ သူ ဒီကောင်လေးရဲ့အတိတ်ဘဝအပြင် ဘာ့ကြောင့် ကောင်းကင်လမ်းက ဒီကောင်လေးကို ဒီလောက်တောင် တန်ဖိုးထားရတာလဲဆိုတာပါ သိလိုက်ရသည်။

စိတ်ထဲ နည်းနည်းတော့ သူ အံသဩသွားရပေမယ့် အဲ့လိုခံစားချက်က ဘာဆိုတာကို မဖမ်းဆုပ်နိုင်လိုက်လို့ ဒါမဟုတ် အဲ့ဒါတွေက သူ့အတွက် အဓိပ္ပါယ်မရှိတာတွေပဲမို့ ခပ်မြန်မြန်ပဲပျောက်သွားသည်။ အဲ့နောက်မှာတော့ ဘာကြောင့်မှန်းမသိပေမယ့် ကောက်လေးရဲ့မျက်နှာကိုထိဖို့ တလက်လက်တောက်ပနေတဲ့သူ့လက်ချောင်းရှည်တွေကို ဆန့်ထုတ်လိုက်၏။

ဘုရင်ကြီးဟာ နီမြန်းနေတဲ့ကောင်လေးရဲ့မျက်နှာကို သူ့လက်ချောင်းတွေနဲ့အသာအယာပွတ်သပ်လိုက်ရင်း ကောင်လေးအသားအရည်ရဲ့နူးညံ့မှုကို အရသာခံနေပုံရနေသည်။

အချိန်အတန်ကြာပြီးနောက် ဆန္ဒပင်လယ်အတွင်းမှာ ရှည်လျားတဲ့သက်မချသံတစ်ခု ထွက်ပေါ်လာ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now