Chapter 173 Angry

955 173 2
                                    

အပိုင်း ၁၇၃။ ဒေါသ

မင်းချင်းယွိက ငယ်ငယ်ကတည်းက ဖြောင့်မတ်သူတစ်ယောက်ဖြစ်အောင် မိဘတွေ၏ သင်ပေးခြင်းကို ခံခဲ့ရသူဖြစ်သည်။

ဆယ်စုနှစ်တိုင်အောင် သူ ဒီမူကို ကျင့်သုံးခဲ့၏။ ထို့ကြောင့်လည်း သူ တစ်နေ့ ဖုန့်ရှီကို ဖြောင့်မတ်မှန်ကန်တဲ့နည်းလမ်းဖြင့် အနိုင်ယူနိုင်အောင်အတွက် ငရဲပြည်ကနေ ထွက်ခွါလာခဲ့ပြီး ငရဲသားမိသားစုသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ သူ ဘာကိုမှ မလိုချင်၊ သူ့ကိုယ်သူသာ သက်သေပြချင်၏။

မူလကတော့ သူ့အစီအစဉ်က ဖုန့်ရှီနှင့် မျှမျှတတ တိုက်ခိုက်ရန်ဖြစ်သည်။ အကယ်၍ သူ ရှုံးလျင် သူ ဖုန့်ရှီကို ဘယ်တော့မှ ပြဿနာ ရှာတော့မည်မဟုတ်။ လူကြီးလူကောင်းတစ်ယောက်ဟာ လုပ်ရဲလျင် တာဝန်ယူရဲရမည်။ သူသည်ကား မရှုံးနိုင်မည့်သူမျိုးတော့ မဟုတ်ပေမဲ့ သူသာ အမှောင်သတ္တဝါတွေနှင့် ပူးပေါင်းမှ အနိုင်ရမည်ဆိုပါက အနိုင်ကို စွန့်လွှတ်လိုက်မည်။ သို့တိုင် အကြီးအကဲများ၊ မင်းချန်းရှနှင့် မင်းကျိတို့က သူ့ကို ညာခဲ့ကာ သူ့ကို ဖုန့်ရှီနှင့် တိုက်ခိုက်ခွင့်ပြုမည်ဟု ပြောခဲ့ခြင်းမှာ လုံးဝကို ယုတ္တိတန်မနေချေ။

ဖုန့်ရှီက မင်းချင်းယွိ၏ ကျောကို အနည်းငဘ် တုန်ရီစွာ ကြည့်လိုက်ကာ သူ့နှာခေါင်းသူ မထိဘဲ မနေနိုင်တော့ပေ။

ကြည့်ရသည်မှာ မင်းချင်းယွိက မျှော်လင့်ချက်မဲ့လောက်အောင်တော့ မဟုတ်သေး။ သူက ပျော်စရာတော့ ကောင်းသား!

သူ့မျက်နှာထက် တောက်ပသော အပြုံးတို့နှင့်အတူ ဖုန့်ရှီက မင်းချင်းယွိကျောနောက်ဘက်မှနေ၍ မင်းချန့်ရှနှင့် မင်းကျိတို့ကို ခပ်လှောင်လှောင် ခနဲ့တဲ့တဲ့ တစ်ချက် ပြုံးလိုက်သည်။ တစ်ဖက်သားတို့၏ မျက်လုံးအစုံတို့က ချက်ချင်းပဲ ပြူးကျယ်သွားရကာ ဒေါသထွက်ရလွန်းသောကြောင့် လည်ပင်းတောင် ပိုတုတ်လာပြီး မျက်နှာသည်လည်း ပိုလို့ ကြောက်မက်ဖွယ်ကောင်းလာကြသည်။

"မင်းချင်းယွိ၊ မင်း ဒီနေ့လုပ်ရဲကို နောင်တမရတာ ကောင်းမယ်။ မင်း အခု သူ့ကို ကယ်ဖို့လမ်းကိုပဲ ရွေးမယ်ဆိုရင်တော့ မင်းက ဘယ်တော့မှ ငရဲသားမိသားစုဝင်တစ်ယောက် မဟုတ်တော့ဘူး။ မင်းအဘိုးက ငရဲသားမိသားစုရဲ့ အကြီးအကဲချုပ်တစ်ယောက်ဖြစ်နေရင်တောင်မှ သူ မင်းကို ကယ်နိုင်တော့မှာမဟုတ်ဘူး။ သစ္စာဖောက်တစ်ယောက်အနေနဲ့ မင်းက နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော်ထဲမှာ ဘယ်တော့မှ အေးအေးချမ်းချမ်း ဘေးကင်းကင်းနဲ့ လျှောက်သွားနိုင်တော့မှာ မဟုတ်တော့ဘူး။ ငရဲသားမိသားစုက မင်းကို အလွှတ်ပေးမှာမဟုတ်ဘူး။" မင်းချန့်ရှက မင်းချင်းယွိကို ရက်စက်တဲ့အကြည့်တို့ဖြင့် စိုက်ကြည့်နေပါသော်ငြား သူ့မျက်လုံးထဲကဆူးက ပျောက်ကွယ်သွားတော့မည်ဖြစ်သည့်အတွက် တကယ်တော့ သူ ပိုလို့ ပျော်ရွှင်နေ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now