Chapter 185 Fewer than Ten People

759 128 1
                                    

အပိုင်း ၁၈၅။ ဆယ်ယောက်တောင် မရှိဘဲ

ယင်းဖုန်းသာ သူ့၏ အရည်အချင်းရှိသော လက်အောက်ငယ်သား သုံးဦးတို့က တိုက်တောင် မတိုက်ခိုက်လိုက်ရဘဲ ဇာတ်လမ်းပြတ်သွားသည်ကို သိလိုက်ရပါက ဒေါသထွက်လွန်းလို့ သွေးတောင် အန်လောက်သည်။

ကြီးမြတ်သော ကောင်းကင်ဘုံနတ်ဘုရားနယ်ပယ်ဆင့်ရှိသည့် သန်မာသည့် ကျင့်ကြံသူတို့ကို နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်တွင် တွေ့ရခဲသည်။ ထိုလက်အောက်ငယ်သားသုံးယောက်က ကောင်းကင်ဘုံနတ်ဘုရားနယ်ပယ်ဆင့် ကြယ်အဆင့်နိမ့်ရှိသည့် ကျင့်ကြံသူများသာဖြစ်သော်လည်း၊ ၎င်းတို့သည် ယင်ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော အဖိုးတန်လက်ထောက်များအဖြစ် ရှိနေဆဲဖြစ်သည်။ သူသည် တောင်ပိုင်းဒေသ၏သစ်တောကို အုပ်ချုပ်ပြီး ၎င်းတို့သုံးယောက်က သူ့ကို ကြီးစွာသော ကူညီမှုတို့ ပြုနေကြသူများဖြစ်သည်။ အခု သူတို့သေသွားတော့ တောင်ပိုင်ဒေသကို အုပ်ချုပ်ဖို့ ပိုခက်သွားလိမ့်မည်ဖြစ်သည်။

"သေစမ်း။ အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? ဘယ်လိုဖြစ်နိုင်မှာလဲ? သူတို့အားလုံး သေသွားကြတယ်?"

တောင်ပိုင်းဒေသ သစ်တော၏နန်းတော်တစ်ခုတွင် ယင်းဖုန်း၏ဒေါသသံတို့ဖြင့် ဟိန်းလိုနေသည်။ အရာအားလုံး အဆင်ပြေသွားအောင် အဲ့လူတွေကို အဆုံးစီရီလိုက်ဖို့ သူစေလွှတ်လိုက်တဲ့ လက်အောက်ငယ်သား သုံးယောက်က အခုလိုမျိုး သေသွားကြလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။ သူတို့၏ စိတ်ဝိညာဉ်လက္ခဏာတွေအားလုံးက ပျက်စီးသွားကာ အရာအားလုံး အဆုံးသတ်သွားပြီဟု ဆိုနိုင်သည်။

ကြီးမြတ်သော ကောင်းကင်ဘုံနတ်ဘုရားနယ်ပယ်ဆင့် ကျင့်ကြံသူ သုံးဦးတို့က အဆင့်နိမ့်ကြယ်များသာဖြစ်သော်လည်း သူတို့တွေက သေချာပေါက် အစွမ်းထက် အတွဲညီသော သုံးဦးဖြစ်သည်။ သို့သော် ထိုသို့သော အတွဲညီသုံးဦးသားလုံး သေဆုံးသွားရပြီး မည်သူမျှ လွတ်မြောက်သွားခြင်း မရှိခဲ့ပေ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အဲဒီလူက တကယ်ကို သန်မာတာလား?

သူတကယ်သာ သန်မာတယ်ဆိုရင် သူ့နာမည်ကို အရင်က ဘာလို့ မကြားဖူးတာလဲ?

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now