167. An Unexpected Surprise

1K 177 4
                                    

အပိုင်း ၁၆၇။ မျှော်မှန်းမထားတဲ့ အံဖွယ်တစ်ရပ်

ညက မှောင်မိုက်ကာ လေထန်လို့နေသည်။ အရိပ်သုံးခုက ရှန်းမားမိသားစုနယ်မြေထက် ဖြတ်သန်းနေပြီး အိမ်ကြီးတစ်လုံးထက် အရိပ်ထိုးနေပြီးနောက် ပျောက်ကွယ်သွား၏။

ဖုန့်ရှီက ပါးစပ်ကို ဖွင့်လိုက်ပြီး အော်လိုက်ချင်ပေမဲ့ ငရဲမင်းကြီးက သူ့ပါးစပ်ကို ရုတ်တရက် အတန်ကြာသည့်တိုင် မလွှတ်တမ်း အုပ်လိုက်သည်။ အဲ့နောက် ဖုန့်ရှီက သူ့ကို အမေးမျက်လုံးဖြင့်ကြည့်လိုက်ကာ "အဲ့လူတွေက ဘယ်သူတွေလဲ? သူတို့က ကျွန်တော်တို့ရှေ့ လှုပ်ရှားနေကြတာ။ သူတို့တွေလည်း ပစ္စည်းလာခိုးကြတာလား?"

"မဟုတ်လောက်ဘူး" ငရဲမင်းကြီးက တခြားသူတွေ နားမလည်နိုင်လောက်တဲ့ ထူးဆန်းတဲ့အကြည့်တို့ဖြင့် အရိပ်သုံးရိပ်ထွက်သွားရာနေရာကို ကြည့်လိုက်လေသည်။

"အဲ့တာဆို သူတို့တွေက ဘယ်သူတွေလဲ? ဘာလို့ သူတို့တွေ ဒီရောက်နေကြတာလဲ?" ဖုန့်ရှီက ငရဲမင်းကြီး၏ပုခုံးထက် ကျော်ကြည့်လိုက်တော့ အမှောင်ထုညကိုသာ မြင်လိုက်ရလေသည်။

"သိချင်တယ်ဆိုရင် ကိုယ်တော်တို့ သူတို့နောက် လိုက်ပြီး ကြည့်လို့ရတယ်" ငရဲမင်းကြီးက သူ့ခါးကို ဖက်လိုက်ကာ သူတို့နှစ်ဦးလုံး နေရာကနေချက်ချင်းပဲ ပျောက်ကွယ်သွားတော့သည်။

အရိပ်သုံးခုက အမှောင်ထုထဲ အလျင်အမြန် ပြေးနေသည်မှာ သူတို့ သုံးယောက်လုံးက ရှန်းမားမိသားစုရဲ့နယ်မြေထဲ အလွန်ကို အကျွမ်းတဝင်ရှိနေသည့်နှယ်။ သိပ်မကြာမီမှာပဲ သူတို့ အနည်းငယ်လင်းနေတဲ့အိမ်တစ်အိမ်ရှေ့ သက်ဆင်းလိုက်လေ၏။ ၎င်းသည်ကား အစောင့်မရှိသည့် အိမ်တစ်လုံးဖြစ်သည်။ အစောင့်တို့ကို တမင် အဝေးပို့ထားပုံရသည်။ အရိပ်သုံးခုက တုန့်ဆိုင်းမှုမရှိဘဲ တံခါးကို ပွင့်သွားအောင် တွန်းဖွင့်ကာ ဝင်သွားလိုက်၏။ အဲ့နောက် သူတို့က တံခါးကို ပိတ်လိုက်ပြီး အိမ်အတွင်းကအလင်းတို့က တစ်တိုင်ပြီးတစ်တိုင် ထွန်းလင်းလာတော့သည်။

အဲ့အချိန်မှာပဲ အိမ်အရှေ့ဘက် မြေကွက်လပ်တွင် နေရာလပ်က အနည်းငယ် ဟသွားကာ ငရဲမင်းကြီးနှင့် ဖုန့်ရှီတို့က နေရာလွတ်အဟကြားမှ ထွက်လာ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now