41. Subduing God of Bad Luck

1.8K 326 0
                                    

အပိုင်း ၄၁။ ကံဆိုးမှုနတ်ဘုရားအား နှိမ်နင်းခြင်း

ကံဆိုးမှုနတ်ဘုရား ရုတ်တရက် တွားသွားနေရာမှ​ ရပ်လိုက်သည်။

တည်ငြိမ်နေသော်လည်း ခြိမ်းခြောက်ဟန် အပြည့်ပါသည့် အသံ သူ့ခေါင်းထဲ ပေါက်ကွဲသွားတယ်။ အဲ့အသံက ပဲ့တင်ထပ်နေတာကြောင့် ကံဆိုးမှုနတ်ဘုရား အလွန်အမင်း မူးဝေသွားရတယ်။ သူ ဘာမှ မတုန့်ပြန်နိုင်ခင်မှာပဲ သူ့ကို အဖြူရောင်အလင်းတို့က ဖုံးအုပ်ပြီး ဖြစ်သွားတယ်။ မတွန်းလှန်နိုင်တဲ့ ဖိအားတစ်ခုက သူ့ကို ဆွဲယူလိုက်သလို ခံစားလိုက်ရတယ်။ သူ အသိစိတ်ပြန်ဝင်လာပြီးနောက်မှာတော့ ဘုရင်ကြီးရဲ့ လက်ထဲမှာ ကိုင်ထားခြင်းကို ခံရပြီး ဖြစ်တယ်။

"အဲ့တာ သူပဲ၊ သူပဲ!"

ဘုရင်ကြီးနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ဖုန့်ရှီက ဘုရင်ကြီး သူ့လက် မြှောက်လိုက်တာကိုပဲ တွေ့လိုက်တယ်။ နောက်တစ်စက္ကန့်အကြာမှာပ သနားစရာ ကံဆိုးမှုနတ်ဘုရားဟာ ဘုရင်ကြီး လက်ထဲမှာ ပေါ်လာတယ်။ အဲ့နောက် ဖုန့်ရှီက ချက်ချင်းပဲ အော်လိုက်တယ်။ ဒါပေမဲ့ ဘုရင်ကြီးရဲ့ ကိုယ်ခန္ဓာပေါ်ကနေ မဆင်းသေးဘဲ စိတ်လှုပ်ရှားစွာနဲ့သာ လှုပ်ယမ်းယိမ်းထိုးနေတယ်။

ငရဲမင်းကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲမှာ လှိုင်းထအောင် လုပ်လိုက်တယ်။ အဲ့လိုနဲ့ သူနဲ့ ကောင်လေးရဲ့ ပတ်လည်က မြင်ကွင်းက ချက်ချင်းပဲ​ ပြောင်းလဲသွားတယ်။

မြင့်မားတဲ့ အမိုးခုံး၊ ခန့်ညားမြင့်မြတ်တဲ့ အဆောက်အအုံ၊ အဲ့တာတွေက ကောင်းကင်ထွတ်ထိပ်နန်းတော်နဲ့ အတိအကျပဲ ဖြစ်တယ်။

သူတို့ နဂါးပျံပွဲကြည့်စင်ရုံကနေ နန်းတော်ဆီကို ပြန်ရောက်လာကြပြီ ဖြစ်တယ်။ ဦးလေးဖြူက ကျောက်တုံး တစ်တုံးအလား ဝင်ပေါက်တံခါးဝမှာ မလှုပ်မယှက် ရပ်နေတယ်။ နန်းတော်ရဲ့ အတွင်းဘက်က အသံကို သူကြားလိုက်ရပြီးနောက် လှည့်လိုက်ပြီး ဘုရင်ကြီးကို ညင်သာစွာ ဦးညွှတ်လိုက်တယ်။ အဲ့နောက် အမှုထမ်းတွေကို တံခါးပိတ်လိုက်ဖို့ အမိန့်ပေးလိုက်တယ်။ အဲ့နောက်မှာတော့ လူတိုင်း အားလုံး အပြင်မှာ နေလိုက်ကြတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now