Chapter 174 Becoming the Wanted

1.2K 167 4
                                    

အပိုင်း ၁၇၄။ အလိုရှိသူဖြစ်လာခြင်း

အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသကြား နယ်မြေစည်းခြားက လွင်ပြင်တစ်ခုဖြစ်သည်။

သို့ပေမဲ့ မသိသောအကြောင်းခြင်းရာတို့ကြောင့် နေရာကူးပြောင်းအခင်းအကျင်းက သည်နေရာတွင် ရှိလာသောအခါ ကြီးမားသော လွင်ပြင်တွင် ဒါးမြအတော်များများက ဖြတ်သွားဖြတ်လာတွေကို လုယက်တိုက်ခိုက်လေ့ရှိကြသည်။ ထို့အတွက် လွင်ပြင်တွင် လျောက်သွားနေသူတွေအနေနှင့် အပေါင်းအဖော်တွေ မပါဘူးဆိုလျင် ဒါးမြတွေ၏ ပစ်မှတ်ဖြစ်လာလေ့ရှိကြသည်။

လွင်ပြင်တွင် ဒါးမြတွေ သောင်းကျန်းနေသည်ဟူသောသတင်းမှာ နာမည်ကြီးလူသိများနေပြီးဖြစ်သော်လည်း နေရာကူးပြောင်းအခင်းအကျင်းက နေ့တိုင်း တစ်လက်လက်တောက်ပကာ အသယ်အပို့ လုပ်နေရဆဲပင်။ ၎င်း လင်းလက်တောက်ပလာသည်နှင့် ဒီကို တစ်ယောက်ယောက် ပို့ဆောင်လိုက်ခြင်းပဲဖြစ်သည်။ ယနေ့သည်လည်း ချွင်းချက်တစ်နေ့ မဟုတ်ပေ။

နေ့ခင်း၌ နေရာကူးပြောင်းအခင်းအကျင်းက ဖြန်းခနဲ လက်သွားပြီး ရောင်ခြည်တို့ မှေးမှိန်သွားချိန်မှာတော့ ချောမောလှပသော အနီနှင့်လူငယ်တစ်ယောက် နေရာကူးပြောင်းအခင်းအကျင်း၏ အလယ်တွင် ပေါ်လာခဲ့သည်။

နေရာကူးပြောင်းအခင်းအကျင်းကို စောင့်ကြည့်နေကြသော များပြားလှသော ဒါးမြတွေက ပျင်းရိစွာသန်းဝေနေကြခြင်းမှ ချက်ချင်းပဲ ရပ်တန့်သွားကြကာ အနီနှင့်လူငယ် နေရာကူးပြောင်းအခင်းအကျင်းမှ လျှောက်လှမ်းထွက်လာသည်ကို စိတ်လှုပ်ရှားစွာဖြင့် စတင်ကာ စိုက်ကြည့်နေကြသည်။ အနီနှင့်လူငယ် ဝတ်ဆင်ထားသောအဝတ်တို့မှာ သူတို့သည်နေ့ မြင်ခဲ့ကြသောအခြားသူတွေထက် ပိုပြီး ခမ်းနားထည်ဝါနေပြီး အနီနှင့်လူငယ်ကလည်း အလွန်ကို ချောမောခန့်ညားနေသည်။ အထူးသဖြင့် သူ၏ အလွန်တရာ တောက်ပသော မျက်ဝန်းကြီးကြီးတစ်စုံမှာ မျက်လုံးလိမ့်လိုက်တိုင်း စကားပြောနိုင်နေသလိုမျိုးကို ဖြစ်နေ၏။

ဒါးမြတွေက တမဟုတ်ချင်းပဲ အနားမရဖြစ်သွားကြကာ ပြဿနာရှာဖို့ ပြင်ကြတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now