164. How Pathetic Feng Xi Is

888 177 3
                                    

အပိုင်း ၁၆၄။ ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ ဖုန့်ရှီလေးလဲ

စားပွဲထိုးက သူတို့ အချင်းချင်း ရန်ဖြစ်တော့မယ့်အရိပ်အယောင်ကိုမြင်တေ့ သူက ငရဲမင်းကြီးနှင့် ဖုန့်ရှီတို့ကို တိုးတိုးလေး အမြန်ပြောလိုက်သည်၊ "လူကြီးမင်းတို့၊ သတိထားနော်။ ဒီလူက ရှန်းမားဂိုဏ်းရဲ့ သခင်ငယ်လေးပဲ၊ သူက တခြားသူတွေကို အနိုင်ကျင့် ဗိုလ်ကျရတာ သဘောကျတာမျိုး။ ကျွန်တော်တို့စားသောက်ဆိုင်ကို မကြာမကြာ ပြဿနာလာရှာနေကြ။"

သူတို့တွေက ဘယ်သူတွေလည်းဆိုတာ သူမသိပေမဲ့ သူတို့က သူ့စားသောက်ဆိုင်ထဲ ရောက်လာသည်မို့ အကယ်၍များ သူတို့အပေါ် တစ်ခုခုဖြစ်ပျက်သွားခဲ့မယ်ဆိုရင် သူ့မှာလည်း တာဝန်ရှိမှာဖြစ်သည်။ ဝယ်သူတွေက လုပ်ငန်းရှင်တွေအတွက် အရေးအကြီးဆုံးသူများဖြစ်၏။ မားသက စားသောက်ဆိုင်ထဲ မကြာမကြာ ပြဿနာလာရှာတတ်သည့်အတွက် စားပွဲထိုးကလည်း စိတ်ဆိုးနေသည်။ ဒါပေမဲ့လည်း မားသက ကြယ်မြို့တော်မှာ ကျောက်စိမ်းပြာဂိုဏ်းလိုမျိုး သန်မာအားကြီးတဲ့ ရှန်းမားဂိုဏ်းက အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်မို့ သူ ပြန်မတိုက်ခိုက်ဝံ့။

ဒီဧည့်သည်နှစ်ယောက်က စားပွဲထိုးတွေ့ဖူးသမျှသောလူတွေထဲမှာ သူတို့က ထူးချွန်ထက်မြက်ဆုံးပုံပေါက်နေပြီး ချောမောခန့်ညားလွန်းလှသည့်အတွက် သူ မနေနိုင်တော့ဘဲ သူတို့ကို သတိပေးလိုက်၏။

"ကျေးဇူး!" သူ့စကားတို့ကို ကြားတော့ ကောင်လေးက မော့ကြည့်လိုက်ကာ သူ့ကို ပြုံးပြလိုက်သည်။

စားပွဲထိုးက ရှက်သွေးဖြာသွား၏၊ 'ချစ်စရာကောင်းလိုက်တာ!'

"မင်းတို့ကို နောက်ဆုံးအကြိမ် ငါပြောမယ်၊ ဒီကနေ ထွက်သွားကြစမ်း!" မားသက စားပွဲကို ရိုက်ချလိုက်၏။ စားပွဲက သူ့ခွန်အားကို မခံနိုင်ဘဲ ပြိုလဲပျက်ဆီးသွားတော့သည်။

"သခင်လေး၊ ဂရုစိုက်!"

အစောင့်တို့ရဲ့ စိုးရိမ်တကြီးအသံကို ကြားလိုက်ရချိန်မှာတော့ မားသရဲ့ မျက်လုံးတို့က ဖူးယောင်ထွက်နေကာ နာကျင်စွာဖြင့် မြေကြီးပေါ် လဲကျသွားတော့သည်။ သူတို့ ဘာမှ မတုန့်ပြန်နိုင်သေးခင်မှာတင် သူတို့သခင်ငယ်လေး ရုတ်တရက် လဲကျသွားတာကို သူတို့မြင်လိုက်ကြရတော့ အသည်းအသန် အော်ဟစ်လိုက်ကြတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now