122. The Tragedy of East Sun Demon

1.2K 226 7
                                    

အပိုင်း ၁၂၂။ အရှေ့နေမိစ္ဆာရဲ့ ကံဆိုးမိုးမှောင်ကျမှု

သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီး ကြောင်ငေးကြည်နေကြပြီး ဆွံ့အနေကြပြီးနောက် နောက်ဆုံးမှာတော့ ကာလွမ်သလာက အမြန်ဆန်ဆုံးတုန့်ပြန်လိုက်တာဖြစ်သည်။

"ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်သလဲ?" ကာလွမ်သလာက စာအုပ်နတ်ဘုရားရဲ့ ဖြစ်တည်မှုကို သိထား၏။ တဖက်က ဘပြောလိုက်တာအပေါ် သူ အံ့ဩသွားရပေမဲ့ လက်ရှိအခြေအနေမှာ စာအုပ်နတ်ဘုရားအနေနဲ့ လိမ်ညာဖို့အကြောင်းပြချက် မရှိတာကြောင့် အဲ့စကားတွေကို သူ သံသယလုံးဝ မဝင်။ သူတို့ စာအုပ်နတ်ဘုရားပြောသလို လုပ်မယ်ဆိုရင် ဆူးလားမိသားစုအနေနဲ့ ဒီအခက်အခဲကနေ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်လောက်သည်။

ကာလွမ်သလာရဲ့ တုန့်ပြန်မှုကို မြင်တော့ စာအုပ်နတ်ဘုရားက သူ့ဘေးက ကံဆိုးမှုနတ်ဘုရားကို လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်သည်၊ "သူရဲ့ မူလကို မင်း သိလား?"

စာအုပ်နတ်ဘုရားက ကံဆိုးမှုနတ်ဘုရားကို ညွှန်ပြလိုက်တာနဲ့ ကံဆိုးမှုနတ်ဘုရားက ခေါင်းမတ်လိုက်ကာ ရင်ကော့လိုက်၏၊ သူ့မှာ ရင်ဘတ်ရှိတယ်လို့ ဘယ်သူမှ မပြောနိုင်ကြပေမဲ့လည်းပေါ့။

သူ အဲ့လိုပြောပြီးနောက် လူတော်တော်များများက သူတို့ရဲ့အကြည့်ကို ချက်ချင်း စာအုပ်နတ်ဘုရားဆီ ရောက်သွားကြ၏။

အဲ့တစ်ကောင်က နက်ပြာရောင် စေးကပ်နေတဲ့ ဆန်လုံးတစ်ခုနဲ့တူပြီး ဘယ်သူကမှ တမင်မခံစားကြည့်မိနေရင်တောင်မှ အဲ့တာကနေ မကောင်းတဲ့ခံစားချက် ထုတ်လွှတ်နေတာကို ခံစားမိကြရသည်။ ဒီလောက်ပမာဏလောက် မကောင်းတဲ့ခံစားချက် ရဖို့ဆိုတာက ဒီလောကမှာ ရှားပါးပေမဲ့ ခုချိန်မှာတော့ ဘယ်သူကမှ ဒီအသွင်အပြင်ရှိတဲ့ သတ္တဝါက ဘာလည်းဆိုတာ မမှတ်မိနိုင်ကြပေ။

စာအုပ်နတ်ဘုရားက သူတို့အဲ့တာက ဘာလည်းဆိုတာ မသိကြဘူးဆိုတာ သိသွားတော့ အဖြေမှန်ကို ပြောတော့မဲ့ဆဲဆဲမှာပဲ မသေချာမရေရာတဲ့အသံတစ်ခုက ထွက်ပေါ်လာ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now