126. Feng Family

1.4K 249 20
                                    

အပိုင်း ၁၂၆။ ဖုန့်မိသားစု

အော်သံကို သူကြားလိုက်ရပြီးနောက် ဖုန့်ရှီက လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ခန့်ညားချောမောတဲ့ လူငယ်တစ်ဦးက နတ်မြင်းပျံအဖြူတစ်ကောင်ကို စီးနင်းကာ သူ့ဆီတည့်တည့်ဦးတည်လာနေတာကို တွေ့လိုက်ရသည်။

ဒုန်းစိုင်းပြေးလာနေတဲ့မြင်းကြောင့် လမ်းပတ်ဝန်းကျင်ကလူတွေက ကြောက်လန့်တကြားနဲ့ ရှောင်ရှားလိုက်ကြတော့သည်။ လူအချို့က မြေကြီးပေါ် အကန်ခံရလုလု ဖြစ်သွားရကာ အလွန်အမင်း အန္တရာယ်ကြီးတဲ့အခြေအနေ ဖြစ်သွားရတော့သည်။

ကောင်ငယ်လေးက အရင်ကအတိုင်း အဲ့မှာပဲ ရပ်နေဆဲဆိုတာကို လူငယ်က မြင်တော့ မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု မျက်နှာပေါ် ချက်ချင်း ပေါ်လာ၏။ သူက လက်ဆန့်ထုတ်လိုက်ပြီး နတ်မြင်းပျံကို ခတ်ဆတ်ဆတ်လေး ရိုက်လိုက်တာကြောင့် အရှိန်ပိုမြန်လာကာ ကောင်လေးဆီ ပိုပြီး ကဆုန်စိုင်း ပြေးသွားတော့သည်...

လူအများစုက အသိစိတ်လွတ်မတတ် ကြောက်သွားကြပြီး ပင့်သက်သာ ရှိုက်နိုင်တော့သည်။ လူအုပ်ကြီးက လမ်းလယ်ခေါင်မှာ ရပ်နေတဲ့ ကောင်ငယ်လေး လွင့်စင်သွားတော့မယ်လို့ ထင်နေကြတဲ့အချိန်မှာပဲ လူငယ်စီးလာတဲ့ နတ်မြင်းပျံက ရုတ်တရက် ကြောက်လန့်တကြား မြည်ဟီးလိုက်တော့သည်။ စူးစူးဝါးဝါး အော်သံတစ်သံနဲ့အတူ လူငယ်နဲ့ မြင်းတို့က အနောက်သို့ လန်သွားကာ သူတို့ကိုယ်သူတို့ အရူးအလုပ်ခံလိုက်ရလုလု ဖြစ်သွားတော့သည်။ သူတို့ရဲ့အနောက်မှာတော့ ပညာရှင်တစ်ယောက်က 'သခင်လေး' လို့အော်လိုက်ရင်း လူငယ်လေးကို ခုန်ဖမ်းလိုက်၏။ ဒါပေမဲ့ မြင်းကတော့ မြေကြီးပေါ် ဗုန်းကနဲမြည်အောင် ဆောင့်ကျသွားတော့သည်။

လူအုပ်ကြီးက ဒီလိုဖြစ်ရပ်မျိုး ထင်မှတ်မထားမိတာကြောင့် သူတို့ နောက်ဆုံး သတိပြန်ဝင်လာတဲ့အချိန်မှာတော့ လူငယ်နဲ့ သူ့ရဲ့နတ်မြင်းပျံက သူတို့ပြုတဲ့ကံ သူတို့ထံပြန်ကာ အလဲလဲအပြိုပြိုဖြစ်နေကြလေပြီ။

လူအုပ်က အနီးကပ် ကြည့်လိုက်ကြတဲ့အခါမှာတော့ မြင်းပျံက သေမင်းနှုတ်ခမ်းဝ တံခါးခေါက်နေပြီဖြစ်တာကြောင့် သက်ပြင်းမောကြီး မချမိဘဲ မနေနိုင်တော့ပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now