158. Poor Ice Qilin

999 196 10
                                    

အပိုင်း ၁၅၈။ သနားစရာ ရေခဲချီလင်

အဲ့လိုဆိုရင်တောင်မှ သိုလှောင်အိတ်ကို ဦးဆုံး သွားထိရဲသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။

စာအုပ်နတ်ဘုရားက မနေနိုင်တော့ဘဲ မျက်လုံး လှိမ့်လိုက်ပြီးနောက် စားပွဲပေါ် ခုန်တက်လိုက်ကာ သိုလှောင်အိတ်တစ်အိတ်ကို ဆွဲယူလိုက်ပြီးနောက်မှာတော့ ကံဆိုးမှုနတ်ဘုရားကလည်း တစ်အိတ်ကို လှမ်းယူလိုက်တော့သည်။

တစ်ယောက်ယောက်က အစပြုလိုက်ပြီဖြစ်သည့်အတွက် တခြားသူတွေကလည်း နောက်ကနေ လိုက်လုပ်လာကြတော့၏။ သိုလှောင်အိတ်ကို လှမ်းယူကြတဲ့အထဲမှာ ဆူးလားမိသားစုဝင်တွေရဲ့ လက်တွေက ပိုလို့တောင်မှ တုန့်ပြန်မှုမြန်ဆန်နေသေးသည်။ နောက်ဆုံးတော့ လောင်နန်ရှု၊ ဟွမ်ရဲနှင့် ကျုံးဝူချင်းတို့ပါ တစ်အိတ်စီ ယူလိုက်ကြရတော့၏။ အဲ့နောက် သူတို့ ထိုင်ခုံတစ်ခုံစီ ရှာလိုက်ကြကာ အိတ်ထဲက ရတနာတွေကို စတင် ထုတ်စီတော့သည်။ တကယ်တမ်းတော့ အဲ့တာက အချိန်အများကြီးပေးရမည်မဟုတ်သည့်အပြင် သူတို့မိသားစုဝင်တွေ အလာကို စောင့်နေကြတဲ့အချိန်ဖြစ်တဲ့အတွက် ဘယ်သူမှ ဘာမှ လုပ်စရာများများစားစားရှိမနေချေ။

ကောင်းကင်ဖြိုဖျက်သားရဲနှင့် အမွှေးမဲ့ကြက်တို့က သူတို့လည်း ဝေစုတစ်ခုစီ ပါဝင်ခွဲဝေလုပ်ကိုင်စရာလိုမယ်ဆိုတာကို သဘောမပေါက်ကြပေ။ တစ်ယောက်ချင်းစီက တစ်အိတ်စီ ကိုယ်စီ ယူသွားလိုက်ကြပြီးပြီဆိုတော့ သူတို့တွေလည်း ဘေးထွက်မနေချင်တဲ့အတွက်သာ ခေါင်းကုတ်ပြီး ကျပန်း တစ်အိတ်စီ လှမ်းဆွဲလိုက်ကြရပေမဲ့ သူတို့ အဲ့အလုပ်ကို သိပ်စိတ်ဝင်စားမှုမရှိ။ အဲ့နောက် သူတို့လည်း ထောင့်တစ်နေရာကို သွားလိုက်ကြပြီး အိတ်ထဲကပစ္စည်းတွေကို စတင်ကာ ထုတ်စီလိုက်ကြတော့သည်။

စားပွဲပေါ်က အရာဝတ္ထုတွေက နေရာလွတ်လက်စွပ် တစ်ကွင်းနဲ့ သိုလှောင်အိတ်ဆယ်ခြောက်အိတ် စုစုပေါင်း ဆယ့်ခုနှစ်မျိုးဖြစ်ပြီး ကာလွမ်သလာရဲ့အစ်ကိုအကြီးဆုံးအပါအဝင် ဆယ်ခုနှစ်ယောက် ကွက်တိ ခွဲဝေလိုက်ရင် အတိပဲဖြစ်သည်။ တကယ်လို့များ သူတို့အနေနဲ့ ဖုန့်ရှီ ဒီဟာတွေကို ဘယ်လိုရယူခဲ့သလဲဆိုတဲ့ဖြစ်ရပ်ကို မျက်မြင်သက်သေ မြင်ခဲ့ရတာမျိုးမဟုတ်ရင် ခုလောက်ကြီး ကွက်တိကျနေပုံကြီးက ဖုန့်ရှီတစ်ယောက် တမင်တကာကို တွက်ချက်ပြီးမှ လုပ်ယူထားသလားလို့ သူတို့သေချာပေါက် သံသယဝင်မိကြမှာအမှန်ပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now