110. Setting Out

1.5K 254 10
                                    

အပိုင်း ၁၁၀။ ခရီးစဉ် စတင်ခြင်း

ဒဏ္ဍာရီတွေအရ မီးခိုးယူခြင်းဟာ ကျင့်ကြံရေးနည်းလမ်းတွေထဲမှာ အမြင့်ဆုံးအဆင့်ဖြစ်၏။

ဒါပေမဲ့ ဖုန့်ရှီ ဒီနည်းပညာတစ်စုံရဲ့နာမည်က ကြားရတာ အချို့ကျင့်ကြံရေးနည်းလမ်းအတူတွေနဲ့ တူနေသလို ခံစားနေရ၏။ စိတ်ကူးကြည့်၊ မင်း လမ်းမကျယ်ကြီးတစ်ခုပေါ်မှာ လမ်းလျောက်နေတယ်၊ ပညာရှိ ပဏ္ဍိတအဘိုးအိုတစ်ဦးက မင်းဆီ လျောက်လာနေတာကို မင်းမြင်ရမယ်။ သူက ပြောမယ်၊ "ငါက မသေမျိုးတစ်ယောက်၊ ငါက နတ်တမျှမွန်မြတ်တဲ့နည်းလမ်းနဲ့ ကျင့်ကြံခဲ့တယ်။" အဲ့ရုပ်ပုံက ဘယ်လိုတောင် ထူးဆန်းကြောက်လန့်စရာကောင်းမလဲ!

ဖုန့်ရှီက သူ့အရင်ဘဝတုန်းက အဲ့တာမျိုး တကယ် တွေ့ကြုံခဲ့ဖူးတာကြောင့် အဲ့တာကို အများကြီး မစဉ်းစားပေ။

ဟုတ်တာပေါ့၊ သူ့အရင်ဘဝတုန်းက သူက မလှည့်ဖြားခဲ့ချေ။ တနည်းပြောရမယ်ဆိုရင် သူက မိုက်မဲတဲ့ တာအိုဘုန်းတော်ကြီးဆီကနေ တန်ဖိုးကြီးပစ္စည်းတွေ အကုန်လုံးကို ဓါးပြတိုက်ခဲ့တာပင်။

နာမည်က သိပ်မမိုက်ပေမဲ့ အဲ့တာက အလွန့်အလွန် အဆင့်မြင့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ ဒီကျင့်ကြံရေးနည်းလမ်းက လူတစ်ယောက်အပေါ်မှာ နည်းလမ်းတွေအကုန်လုံး စုစည်းထားလို့မရနိုင်တာမို့ သိမ်မွေ့နက်နဲပညာရပ်နဲ့ မတူပေ။ တစ်ကြိမ်မှာ ကျင့်ကြံရေးနည်းလမ်း တစ်ခုပဲ သင်ယူလို့ ရနိုင်သည်။ နောက်တော့မှ ပိုကောင်းတဲ့တစ်ခုကို ရှာတွေ့ခဲ့မယ်ဆိုရင် အဲ့တာကို အစားထိုးလို့ရပေမဲ့ ကျင့်ကြံသူက ဟိုးအစကနေ ပြန်စကျင့်ရမှာဖြစ်သည်။ အဲ့အတွက်ကြောင့် ကျင့်ကြံသူတွေက အဆင့်မြင့် ကျင့်ကြံရေးနည်းလမ်းကို အစပြုဖို့ ရှာဖွေနိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံရေးကို အကူအညီပေးနိုင်ရုံသာမက သူတို့နဲ့ ကျင့်ကြံဆင့် တူနေတဲ့သူတွေထက် ပိုပြီး သန်မာအားကောင်းမှာဖြစ်သည်။

ငရဲမင်းကြီးက ဖုန့်ရှီကို အဆင့်နိမ့်ကျင့်ကြံဆင့်နည်းလမ်းကို သေချာပေါက် မပေးခဲ့ပေ။  ဖုန့်ရှီက နာမည်ကို မနှစ်မြို့နေစဉ်မှာ မီးခိုးယူခြင်းဆိုတာက နတ်ဘုရားအဆင့် အဆင့်မြင့်ကျင့်ကြံရေးနည်းလမ်းတစ်ခု ဖြစ်နေတယ်လေ။ အဲ့အတွက်ကြောင့် ဖုန့်ရှီ မကျေမနပ် ဆက်မဖြစ်တော့ပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now