78. The Match within the Match

1.5K 246 7
                                    

Please scroll down for Zawgyi.

အပိုင်း ၇၈။ ပြိုင်ပွဲအတွင်းက ပြိုင်ပွဲ

ဖြုတ်ထုတ်ပွဲ ပထမပိုင်းတွင် ဖုန့်ရှီက ကွင်းအမှတ် ၁၀ ၌ နေရာချထားခံရသည်။

ကွင်းဝိုင်းထဲတွင် တက်ရောက်သူ အယောက်ငါးဆယ် ရပ်နေကြသော်လည်း နေရာက အရမ်း ကြပ်သိပ်နေသည်ဟု မထင်ရပေ။ ထိုအစား နေရာလွတ်တွေတောင် ကျန်နေပြီး ရှုပ်ရှုပ်ထွေးထွေးတိုက်ခိုက်တဲ့အခါမျိုးတွင်တောင်မှ တက်ရောက်သူတွေသည် သူတို့၏ စွမ်းရည်တွေကို ကောင်းကောင်း ပြည့်ပြည့်ဝဝ ပြသနိုင်လောက်အောင်ထိ သင့်တော်သော အကျယ်အဝန်း ရှိ၏။

ဖုန့်ရှီက သူ၏ ကိုယ်ခန္ဓာသေးသေးကြောင့် လူတောထဲ စုန်းစုန်းမြုပ် ပျောက်နေလေတော့သည်။

ဒရမ်တီးသံ အကျယ်ကြီးနဲ့အတူ ကွင်းအမှတ် တစ်ဆယ်တွင် တာဝန်ကျေသာ အကဲဖြတ် ဒိုင်လူကြီးမင်းက ထွက်လာကာ သူ့လက်ကို မြှောက်ရင်း ပြောလိုက်သည်၊ "ဒါဆို ငါ အဓိပ္ပါယ်မရှိတာတွေ မပြောတော့ဘူး။ မင်းတို့ ဘယ်လိုနည်းပဲသုံးသုံး ပထမပိုင်းအတွင်းမှာ မင်းတို့ အချိန်ကြာကြာ နေနိုင်လေလေ မင်းတို့ရဲ့ အမှတ်စဉ်ဟာလည်း မြင့်လာလေလေဖြစ်မှာပဲ။ ကွင်းထဲကျန်ခဲ့မယ့် နောက်ဆုံးဆယ်ယောက်က ပြိုင်ပွဲရဲ့ နောက်တစ်ပိုင်းမှာ ပါဝင်နိုင်မှာဖြစ်တယ်။ သဘောပေါက်ကြလား? ကဲ ဒါဆို.... အခု စကြတော့!"

သူ နောက်ဆုံးစကားကို ပြောပြီးတဲ့အချိန်တွင် ကွင်းထဲမှ တက်ရောက်သူတို့အားလုံး ပြန်ပြီး တက်ကြွသွားကြပြန်၏။

"ဘွန်း!"

အကဲဖြတ် ဒိုင်လူကြီးမင်း သူ့လက်ကို ချလိုက်တဲ့အချိန်မှာပဲ အနည်းငယ်သာ ဆူညံနေခဲ့သောကွင်းက ရုတ်တရက် ဆူညံသံတွေ ကျယ်လောင်လာတော့သည်။ တက်ရောက်သူတို့က စိတ်ဝိညာဉ်စွမ်းအင်အမျိုးမျိုးနှင့် အမျိုးအစား စုံလင်သော မျက်စိကျိန်းလောက်ဖွယ် ပညာရပ်တို့ကို အသုံးပြုနေကြကာ အချိန်တခဏအတွင်းမှာပဲ ထိုပတ်ဝန်းကျင်၌ အော်သံ၊ ညီးသံတို့နှင့် ပြည့်သွားတော့သည်။ လုံလောက်အောင် သန်မာမှုမရှိသည့် တက်ရောက်သူတို့ကတော့ ကွင်းထဲမှ ခပ်မြန်မြန် ကန်အထုတ်ခံလိုက်ရပြီး သူတို့ထဲက အချို့ကတော့ တုန့်ပြန်ဖို့တောင် အချိန်မရခဲ့လိုက်ကြပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now