48. Strong Opponent

1.8K 325 7
                                    

အပိုင်း ၄၈။ အားကောင်းမောင်းသန် ပြိုင်ဖက်

ငရဲသားတွေက သူတို့ရဲ့ မြင့်မြတ်တဲ့ဂုဏ်ကို ဆုံးရှုံးသွားခဲ့ရပေမဲ့ အရေးပါတဲ့ ရာထူး ရထားကြသူတွေအတွက်တော့ လုံးဝ လွှမ်းမိုးသက်ရောက်မှု မရှိပါဘူး။

ကြီးမားတဲ့ စွမ်းအား မရှိတဲ့ ငရဲသားတွေဟာ အဲ့ရာထူးမြင့်မျိုး မရနိုင်ကြပါဘူး။ အဆက်အသွယ်တွေနဲ့သာ အဲ့လို ရာထူးမျိုး ရနိုင်ပေမဲ့ အဲ့တာက လူတချို့ကို မကျေနပ်မှု ဖြစ်ပွါးစေပါတယ်။ ဒါပေမဲ့ ရာထူးမြင့်မှာ ရောက်နေကြတဲ့ ငရဲသားတွေဟာ ချင်းမင်ယွိလိုမျိုး ကြီးမားတဲ့ခွန်အားကို မှန်မှန်ကန်ကန် ပိုင်ဆိုင်ထားကြသူတွေ ဖြစ်တယ်။

သူက အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတယ်ဆိုကတည်းက သူ့ခွန်အားကို လျော့မတွက်သင့်ပေ။ ဒါ့အပြင် အဲ့ဒီ့လူဟာ သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းကြောင့် မျိုးဆက်သစ်လူငယ်ထဲမှာလည်း ထင်းနေတယ်။

ချင်းမင်ယွိက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်သုံး ရောက်နေပြီ ဖြစ်တယ်၊ ဆိုလိုတာက သူ့ကျင့်ကြံမှုအဆင့်က အမှောင်ငရဲသား အရှင်ထက် နှစ်ဆင့်ပဲ နိမ့်တယ်။

ဒါပေမ့ သူ့အသက်ကို ထည့်စဉ်းစားမယ်ဆိုရင် ချင်းမင်ယွိ အသက်တစ်ရာ မရောက်သေးပေမဲ့ သူ့ဘယ်လောက်တောင် အရည်အချင်းရှိသလဲဆိုတာဟာ လူတိုင်း အံဩဖွယ်ဖြစ်တယ်။

သူ့အရည်အချင်းကြောင့် အနားယူည မြို့တော်မှာ ဂယက်တစ်ခု ထသွားခဲ့တယ်။ အဲ့အချိန်တုန်းက သူ့ပတ်ပတ်လည်က ကြယ်တွေရဲ့ အရောင် မှေးမှိန်သွားစေတဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်လိုမျိုး ဖြစ်နေတဲ့အတွက် သူက လူတိုင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံခဲ့ရတယ်။

အဲ့အချိန်မှာ ချင်းမင်ယွိ ငရဲသားမိသားစု တစ်စုလုံးရဲ့ အထောက်အပံ့ကို ရရှိခဲ့တာကြောင့် သူ့ကျင့်ကြံမှုနှုန်းကလည်း အရမ်းကို အတက်မြန်ခဲ့တယ်။

သူ အဲ့ဒီ့ ဆေးလုံးကောင်းပေ့ညွန့်ပေ့တွေအားလုံးကို စားပြီးတဲ့နောက် သူ့ကျင့်ကြံဆင့် အလျင်အမြန် တိုးတက်သွားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက သူက နတ်ဘုရားဘုရင် နယ်ပယ် ပထမအဆင့်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီး ဒုတိယအဆင့်ကို ရောက်သွားခဲ့တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now