52. Poor God of Books

1.6K 286 1
                                    

အပိုင်း ၅၂။ သနားစရာ စာအုပ်နတ်ဘုရား

ထွက်သွားတုန်းက လက်ဗလာ၊ ပြန်လာတော့ အပြည့်အသိပ်။

ဖုန့်ရှီ အခုလောက် တခါမှ မပျော်ခဲ့ဖူးဘူး။

သူက ငတုံးတစ်ယောက်မဟုတ်တဲ့အတွက် သစ်သားလက်စွပ်က ဒီသစ်သီးတွေထက် အများကြီး ပိုတန်ဖိုးရှိတယ်ဆိုတာ သူသိတယ်။

အဲ့တာကြောင့် သူ ဆေးမှင်ရည်ကမ္ဘာကနေ ထွက်လာတဲ့အခါမှာ သူ့လက်စွပ်ကို ဂရုတစိုက် ဝှက်ထားလိုက်ပြီး စာအုပ်နတ်ဘုရားကိုတောင် ဒီအကြောင်း မပြောခဲ့။

ဒါပေမဲ့ အမှန်တရားက အနှေးနဲ့အမြန် ထင်းလာတယ်။ သူ့မျက်နှာပေါ်က ရွှင်မြူးနေဟန်က အရမ်းကို သိသာနေတာဖြစ်လို့ နောက်ဆုံးမှာတော့ စာအုပ်နတ်ဘုရားက မမေးဘဲ မနေနိုင်တော့။

"သခင်၊ ဘာလို့ အရမ်းပျော်နေတာလဲ? ကျွန်တော်နဲ့လည်း ဝေမျှပါဦး။ ကျွန်တော် ဘယ်သူ့မှ မပြောဘူးလို့ ကတိပေးတယ်၊​ ဒါပေမဲ့ ကံဆိုးမှုနတ်ဘုရားအတွက်တော့ အာမမခံဘူး။ အဲ့တာကြောင့် ကျွန်တော့ကိုပဲ ပြောပြ။" စာအုပ်နတ်ဘုရားက ဖုန့်ရှီရဲ့ ဇာတ်လမ်းကို အရမ်း သိချင်နေပေမဲ့ တစ်စုံတစ်ယောက်ကို လျို့ဝှက်ချက်တစ်ခု ပြောပြချင်လာအောင် လုပ်ဖို့ဆိုတာ စိတ်ရှည်ဖို့ လိုမှန်း သူသိတယ်။

သူပြောလို့ မပြီးခင်မှာပဲ ကံဆိုးမှုနတ်ဘုရားက မကျေမချမ်းနဲ့ စူးစူးရဲရဲ အော်လိုက်ပြီး စာအုပ်နတ်ဘုရားအပေါ် စက်ဆုပ်အထင်သေးမှုကို ဖော်ပြဖို့ ကြိုးစားလိုက်တယ်။

ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီကြောင့် သူ ကျင့်ကြံခဲ့တဲ့ နှစ်သောင်းချီ ကျင့်ကြံမှုကို ဆုံးရှုံးခဲ့လိုက်ရတဲ့အတွက် ခုချိန်ထိ သူ စကားပြောလို့ မရနိုင်သေးပေ။

ဖုန့်ရှီက သူ့မျက်လုံးတွေ လှိမ့်လိုက်ရင်း တုန့်ဆိုင်းသွားသလို ဟန်ဆောင်လိုက်တယ်၊ ဒါပေမဲ့ တကယ်တော့ သူ့လျာကို ဆက်မထိန်းထားနိုင်တော့ဘူး။

သူ့အဖော်နှစ်ယောက်ရှေ့မှာ သူရခဲ့တဲ့ ကြီးမြတ်တဲ့ ပစ္စည်းကို ပြသချင်စိတ်ကို သူ့ကိုယ်သူ ချုပ်တည်းဖို့ဆိုတာ ဖုန့်ရှီအတွက် အလွန်ခက်တယ်။ ဒါ့အပြင် စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီနဲ့ အချိန်တိုင်း တူတူရှိနေကြတာ ဖြစ်တဲ့အတွက် လက်စွပ်အကြောင်း အနှေးနဲ့အမြန်တော့ သိလာကြမှာပဲ။ အကျိုးဆက်အနေနဲ့ ဖုန့်ရှီက တုန့်ဆိုင်းနေဟန်ပေါ်ပေမယ့် သူ့ဆုတံဆိပ်ကို ပြသချင်ခဲ့တာ အတော်ကြာလှပြီ ဖြစ်တယ်။ ဒါပေမဲ့ နတ်ဘုရားနှစ်ပါးက ဘာတစ်ခုမှ မမေးခဲ့ကြဘူး။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Onde as histórias ganham vida. Descobre agora