133. Why Don't You Admit Defeat

1.3K 251 17
                                    

အပိုင်း ၁၃၃။ အရှုံးကို ဝန်ခံလိုက်ပါလား

တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လူအုပ်ထဲကနေ တီးတိုးသံတို့ ထွက်ပေါ်လာ၏။

လူတိုင်းက ကောင်ငယ်လေးရှိရာဆီ တညီတညွတ်တည်း ကြည့်လိုက်ကြတော့သည်။ ဘယ်သူက လှုပ်ရှားလိုက်တာလဲဆိုတာကို ဘယ်သူမှ မသိတာကြောင့် သူတို့အကြည့်တွေက ကောင်ငယ်လေးဆီ ရောက်သွားတော့သည်။

သူ့ရဲ့ အပစ်ကင်းစင်တဲ့အမူအယာနဲ့ သန့်စင်တဲ့မျက်လုံးတို့ကို အခြေခံရရင် သူမဟုတ်မှန်း သိသာလွန်းလှသည်။ ဒါပေမဲ့ သူတိုက်လိုက်တယ်ဆိုတာကို ဘယ်သူကမှ မယုံကြတာမို့ သူ့ဘေးမှာ ရပ်နေတဲ့လူဆီ အကြည့်တို့ ရွှေ့သွားတော့၏။ ဘေးကရပ်နေသူရဲ့ ခန့်ညားသိမ်မွေ့လှတဲ့မျက်နှာထက် အေးစက်မှုတို့ ထင်းကျန်နေပြီး သူ့မျက်လုံးတို့က အပ်တွေလိုမျိုး ထက်ရှမနေပေမဲ့ သူ့မျက်လုံးထဲက တည်ငြိမ်နေမှုတို့က လူတွေကို အန္ဆရာယ်ရှိတဲ့ခံစားချက်မျိုး ပေးစွမ်းနေ၏။

လူကြီးက ဖော်ပြဖို့ခက်တဲ့ အရှိန်အဝါတစ်မျိုး ထုတ်လွှတ်နေ၏။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ခြိမ်းခြောက်နေပြီး ကောင်းကင်နဲ့မြေကြီးကြား စုန်ဆန်လွင့်မြောနေဟန် ပေါက်နေသည်။ ကြောက်လန့်မှုကို ဘယ်သူကမှ တောင့်မခံနိုင်ဖြစ်ရကာ တိမ်တွေနဲ့ ပိတ်ဖုံးနေတဲ့ အုံ့ဆိုင်းနေတဲ့ တောင်ထိပ်မှာ ရပ်နေကြရတဲ့အလားဖြစ်နေတော့သည်။ ထင်ယောင်ထင်မှား ဖြစ်နေတာဖြစ်နိုင်ပေမဲ့ လူတစ်ချို့က သူတို့ရဲံဒူးတွေ ညွှတ်ကျပြီး သူ့ကို ဦးညွှတ်ချင်လာတဲ့ ခံစားချက်မျိုး ဖြစ်လာကြသည်။

လူတော်တော်များများက အဲ့လူရဲ့ တည်ငြိမ်တဲ့အမူအယာကို မြင်ရတော့ အံ့အားသင့်သွားရ၏။

သီနိုမိသားစုကလူတွေက အကြာကြီးကတည်းက ကြောင်အမ်းနေကြပြီဖြစ်သည်။ သူတို့ဖြစ်နိုင်ချေတွေ အများကြီးတွေးခဲ့ကြပေမဲ့ ရှုံးမယ့်သူက နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် မိုလန်း ဖြစ်နေမယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြ။

သူတို့ရဲ့ ယုံကြည်မှုကို လွင့်ပြယ်သွားစေတဲ့ လေမုန်တိုင်းက သေးသေးလေးတော့ ဟုတ်မနေ။ မူလတုန်းကတော့ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် မိုလန်းတစ်ယောက် ရှိနေပြီမို့ ကောင်းကင်စိတ်ကူးမိသားစုထံကနေ အပစ်သားကို ခေါ်ဆောင်လာနိုင်လိမ့်မယ်လို့ သူတို့ထင်ခဲ့ကြတာဖြစ်ပေမဲ့ မျှော်လင့်မထားစွာပဲ သူတို့ရဲ့ အစီအစဉ်က အနှောက်အယှက်ခံလိုက်ရသည်။ တဖက်လူက ကောင်းကင်စိတ်ကူးမိသားစုရဲ့ ကာကွယ်မှုရှိနေရုံသာမက သီနိုမိသားစုဝင်တွေတောင် ရန်မစရဲတဲ့ လောင်နန်ရှုရဲ့ ကာကွယ်ပေးမှုကိုပါ ရသွားသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now