Chapter 179 The Man Who Was Tricked

736 112 3
                                    

အပိုင်း ၁၇၉။ အလှည့်စားခံလိုက်ရသောသူ

သောင်ပင်းရှန်က သေသွားပြီမို့ ဝရမ်းကြော်ငြာက အသုံးမဝင်တော့ကာ ဘယ်သူကမှလည်း အရေးတယူ မလုပ်ကြတော့ပေ!

သို့သော် သိက္ခာအတွက် ထျန်ယာဓါးမြဂိုဏ်က ဝရမ်းကြော်ငြာစာရွက်ကို မဖယ်တော့ မဖယ်ရှားသေးပေ၊ သို့သော် ပုံမှန်အရတော့ ဝရမ်းကြော်ငြာကို အရေးလုပ်သူ အများကြီး မရှိတော့ပေ။ ယိုယွင်းပြီး လျစ်လျူရှုခံမြင်ကွင်းတို့နှင့် မနေ့က ဟစ်ဖြစ်နေခဲ့သော ဆွေးနွေးချက်တို့က အလွန့်အလွန်ကို ရှင်းလင်းစွာ ဆန့်ကျင်လို့နေသည်။

ဒါသည်ကား အစစ်အမှန်သည်သာ။ သောင်ပင်းရှန် သက်ရှိထင်ရှားရှိစဉ်က လူအတော်များများက သူ့ကို ကြောက်ရွံ့ကြပြီး ခိုးကြောင်ခိုးဝှက်သာ ဆဲရေးရဲကြသော်လည်း အခု သူသေသွားပြီဖြစ်သောကြောင့် သူ့အကြောင်းကို လူတိုင်းက လူပုံအလယ် ပြောရဲကြပြီဖြစ်သည်။ အချို့က သူ့သေဆုံးခြင်းအပေါ် ပျော်တောင် ပျော်နေကြသေးသည်။ ထို့ကြောင့် ခွန်အား ပါဝါသည်သာ ကမ္ဘာလောက၏ နည်းဥပဒေသနှင့် အခြေတည်ရာဖြစ်သည်သာ။

ဖုန့်ရှီက တည်းခိုခန်းထဲမှ ထွက်လာချိန်မှာတော့ သီထျန်းဟွာနှင့် သူမအစေခံတို့က ထွက်ခွါသွားပြီးဖြစ်သည်။ နေရာလွတ်လက်စွပ်နှစ်ကွင်းနှင့် မြင့်မြတ်သော နေအဆောင်အယောင်တို့ အခိုးခံလိုက်ရပြီးနောက် သူတို့ မြောက်ပိုင်းဒေသသို့ ခရီးမဆက်နိုင်ကြတော့သည့်အတွက် ကောင်းကင်ဘုံသို့သာ ပြန်သွားခြင်းဖြစ်မည်။

သူ တည်းခိုခန်းမှာ checked out လုပ်ချိန်၌ ဖုန့်ရှီက လွင်ပြင်ကျယ်နှင့်ပတ်သက်သော သတင်းအချက်အလက်တို့ကို တည်းခိုခန်းဝန်ထမ်းအား မေးပြီး ထယ်ဖုန်းမြို့မှ ထွက်ခွါသွားတော့သည်။

ထယ်ဖုန်းမြို့မှ မိုင် ငါးထောင်လောက် အကွာတွင် အတော်အတန်ကြီးသော မြို့ကြီးတစ်မြို့ရှိကာ ထိုမြို့တွင် အလယ်ပိုင်းဒေသတွင် အစစ်မှန်ဆုံးသော လေနှင့်သွေးမဟာမိတ်ရှိသည်။ မဟာမိတ်အဖွဲ့ခေါင်းဆောင်က ကောင်းကင်ဘုံနတ်ဘုရားကိုးပါးလက်အောက်က လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပြီး လူတွေက သူ့ကို ကြီးမြတ်သောချီမဟာမိတ်၏ ခေါင်းဆောင်ဟု ခေါ်ကြသည်။ လွင်ပြင်ကျယ်ကို ဖြတ်သန်းနိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ နေရာကူးပြောင်းရေးအခင်အကျင်းကို အသုံးပြုခြင်းပဲဖြစ်သည်။ ထိုသို့မှမဟုတ်လျင် လွင်ပြင်ကျယ်က အလွန်အမင်း ကျယ်ပြောလွန်းလှသည့်အတွက် လွင်ပြင်ကျယ်ကို ဖြတ်သန်းဖို့ရန် ရှစ်နှစ်၊ သို့မဟုတ် ဆယ်နှစ်လောက်ကို ကြာမည်ဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now