137. My Vein of Ore

1.2K 254 8
                                    

အပိုင်း ၁၃၇။ ငါ့သတ္တုကြော

ဖြတ်သန်းသွားလာကြသည့် လူတွေက လူနှစ်ယောက် လမ်းလယ်ခေါင်မှာ ဖက်နေကြတာကို အံ့ဩတကြီးနဲ့ ကြည့်လိုက်ကြ၏။

ဒါပေမဲ့ ကာလွမ်သလာ၊ လောင်နန်ရှုနဲ့ အခြားသူတွေကတော့ သူတို့ခေါင်းကို ပါးနပ်လိမ်မာစွာ တစ်ဖက်လှည့်ထားလိုက်ကြသည်။ တစ်ယောက်က ကောင်းကင်ကို ငေးစိုက်ကြည့်နေပြီး အခြားသူတွေက မြေပြင်ကို ငေးနေ၏။ သူတို့ထဲက တစ်ယောက်က ဗလာသပ်သပ် ငေးမောနေစဉ် အခြားသူတွေက အေရအေးသက်သာ ရယ်မောနေကြသည်။ အဲ့အပြင် သူတို့က သူတို့နဲ့ ငရဲမင်းကြီးနဲ့ဖုန့်ရှီတို့အကြား သုံးမီတာအကွာအဝေးကိုလည်း ခြားထားကြုည်။

သူတို့ရဲ့ကိုယ်စီအတွေးဗူဆီပေါင်းတွေအတွင်းမှာတော့ ဖုန့်ရှီက ငရဲမင်းကြီးက သူ့ရဲ့ မျက်လုံးပြူးပြူးအစုံ တစ်ဖြတ်ဖြတ်ခတ်ရင်း တွယ်ကပ်တက်ကာ ဖက်ယက်နေ၏။ ဘယ်သူတွေ သူ့ကို ဘယ်လောက်ကြည့်ကြည့် သူ့ရဲ့ ခြေနှစ်ခြောင်းကို ငရဲမင်းကြီးရဲ့ ခါးထက် တင်းတင်းကြပ်ကြပ် ဖက်တွယ်ရစ်သိုင်းထားနေဆဲမှာ သေတောင် မလွှတ်တော့မယ့်အလားပင်။

ငရဲမင်းကြီးမှာ ရွေးချယ်စရာမရှိဖြစ်သွားရကာ ဖုန့်ရှီရဲ့ ကျောကို ပင့်မထားပြီး ခြေလှမ်းတို့ ရပ်လိုက်ရကာ၊ "ရှီ၊ အရင်ဆုံး ဆင်းပါဦး။ အဲ့လိုမှမဟုတ်ရင် ကိုယ် ဘယ်လိုလုပ် လမ်းလျှောက်လို့ရမလဲ။"

ဖုန့်ရှီက တွန့်ဆုတ်ဆုတ်နဲ့ ခုန်ချလိုက်သည်။ ဒါပေမဲ့ အရင်ကအတိုင်း ငရဲမင်းကြီးရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ဆုပ်ကိုင်ထားဆဲပင်။

"ကောင်းကင်နဲ့မြေကြီးတို့က ဖန်တီးထားတဲ့ ကျောက်ရည်ပူကျောဖြစ်တည်နေတဲ့ မြေအောက် မီးလျိုမြောင်တစ်ခု ရှိတယ်။ အဲ့မှာ ပုန်းကွယ်နေတဲ့ ပြင်းအားကြီး မီးဒြပ်စင်တွေရှိပြီး အဲ့မီးဒြပ်စင်တွေက သာမာန် နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်လောက်ကို မီးတစ်မှုတ်နဲ့တင် ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်။ ကျောက်ရေပူကျောထဲမှာ မူလရင်းမြစ် မီးဝိညာဉ်ဖြစ်တဲ့ ရှေးကျတဲ့ မီးဒြပ်စင်တွေအားလုံး ပါဝင်ဖြစ်တည်နေပြီး ရှီသာ မီးဓါတ်စုစည်းတဲ့ နည်းပညာကို ကျင့်ကြံမယ်ဆိုရင် မူလရင်းမြစ် မီးဝိညာဉ်ကို စုပ်ယူ၊ သန့်စင်နိုင်မှာဖြစ်တဲ့အပြင် ဒီလောကမှာ မီးဓါတ်စုစည်းတဲ့နည်းပါကို ကျင့်ကြံတဲ့ဘယ်လိုကျင့်ကြံသူမဆို ရှီကို အနာတရဖြစ်အောင် လုပ်နိုင်မှာမဟုတ်တော့ဘူး။ မီးနတ်ဘုရားရဲ့ ကျင့်ကြံသူတောင်မှ ခြွင်းချက်မရှိဘဲ။ ရှီမှာသာ မူလရင်းမြစ် မီးဝိညာဉ် ပိုင်ဆိုင်သွားပြီဆိုတာနဲ့ မီးတေက်တွေအားလုံးက ရှီရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားလိမ့်မယ်!" ငရဲမင်းကြီးက နတ်ဘုရားန့မိစ္ဆာနိုင်ငံတော်ရဲ့ လျို့ဝှက်ချက်တစ်ခုကို သမာရိုးကျကျက သမန်ကာလျှံကာပင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အကယ်၍ ဒီစကားသာ အပြင်ပေါက်ကြားသွားမယ်ဆိုရင် မီးဓါတ်စုစည်းတဲ့ကျင့်ကြံနည်း ကျင့်ကြံတဲ့ ကျင့်ကြံသူတွေမြောက်များစွာကို ဆွဲဆောင် ဖိတ်ခေါ်လိုက်သလို ဖြစ်သွားမှာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now