7. The Space Art

3.7K 592 6
                                    

အပိုင်း ၇။ အာကာသ ပညာရပ်

"ပြီးတော့ ခင်များအခုလုပ်လိုက်တာ အရမ်းအံသြဖို့ကောင်းတာပဲ! အဲ့လို တဖြတ်ဖြတ်လက်နေတဲ့ ကြယ်ကလေးတွေ လက်ချောင်းတွေပေါ်ကနေ ခုန်ထွက်လာအောင် ဘယ်လိုလုပ်လိုက်တာလဲ။ အဲ့တာ မှော်ပညာလား၊ ကျောက်တုံးကနေ ရွှေအဖြစ်ကိုရော ပြောင်းနိုင်လား။"

ငရဲမင်းကြီး အဖြေမပေးနိုင်သေးခင်မှာပဲ ကောင်လေးက မနားစတမ်း မေးခွန်းတွေတလှေကြီး ထုတ်လိုက်တော့သည်။ ဒါပေမယ့် သေချာဂရုပြုမိမယ်ဆိုရင်တော့ ကောင်လေးရဲ့မျက်ဝန်းအစုံက ဘုရင်ကြီးနဖူးပေါ်က ငွေမှင်ရောင်ကျောက်မျက်ပေါ်ကနေ တစ်ချက်ကလေးမှအကြည့် ရွေ့မသွားပုံက ကျောက်မျက်နဲ့သူ့မျက်လုံးတို့ ကော်နဲ့ကပ်ထားသည့်အလားပင်။

"မှော်ပညာ သင်ချင်တာလား?" ငရဲမင်းကြီးက အထီးကျန်မျက်လုံးတို့နဲ့ ထပ်မေးလိုက်၏။

"အင်း၊ ဟုတ်တယ်။ ကျောက်တုံးကနေ ရွှေအဖြစ်ပြောင်းလိုက်တာမျိုးဆို ပိုကောင်းတယ်။ အာ ... ကျွန်တော့ကို အဝေးကပစ္စည်းတစ်ခုကို ဘယ်လိုရွှေ့ရမလဲဆိုတာ ခင်များသင်ပေးနိုင်ရင် ပိုကောင်းမယ်။" ကောင်လေးက လခြမ်းကွေးလို သူ့မျက်လုံးတို့ ကွေးသွားပြီး တောက်ပတဲ့ သွားဖြူဖြူလေးတွေ  ပေါ်လာတဲ့အထိ ပြုံးရင်းပြောလိုက်သည်။

"မင်း အဲ့လိုအဆင့်နိမ့်ပညာကို သင်ဖို့မလိုပါဘူး၊ ကိုယ်တော် မင်းကို အာကာသကို ဘယ်လိုချိုးဖျက်မလဲဆိုတာ သင်ပေးနိုင်တယ်။"

ဘုရင်ကြီးက ကောင်လေးကို လေးလေးနက်နက်စိုက်ကြည့်လိုက်ရင်း လွယ်လွယ်လေးအလား ပေါ့ပေါ့ပါးပါးပြောလိုက်၏။

"အာကာသကိုချိုးဖျက်တာ?" ကောင်လေးက ရှုပ်ထွေးသွားပြီး
"အဲ့တာ ဘာအတွက်လဲ"

"အဲ့ပညာရပ်က မင်းကို ဘုံ ၃ဘုံရဲ့နေရာအနှံ့ ဟိုဟိုဒီဒီ လှည့်လည်သွားလာနိုင်အောင် လုပ်ပေးနိုင်တယ်။ တကယ်လို့ မင်းသာ အာကာသကို ထိန်းချုပ်နိုင်မယ်ဆိုရင် မင်းထက်စိတ်စွမ်းအင်ပိုကြီးတဲ့သူတွေကတောင် မင်းဆုတ်ခွါမည့်လမ်းကြောင်းကို မပိတ်ဆို့နိုင်ဘူး။" ငရဲမင်းကြီးက ရှင်းပြလိုက်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now