Chapter 182 The Plan Was Underway

674 112 0
                                    

အပိုင်း ၁၈၂။ အစီအစဉ်ချထားတဲ့အတိုင်းပဲ

သူတို့နှစ်ယောက် အခန်းထဲ ရောက်သွားချိန်မှာတော့ သုန်လင်းက ချက်ချင်းပဲ မအီမသာမျက်နှာဖြစ်သွားတော့သည်။

"ကလေးရေ၊ ဂျူနီယာချီကို သွား ရန်မစမိဖို့ ငါ မကြာသေးခင်ကမှ ပြောခဲ့သေးတယ်၊ မင်းဘာလို့ နားမထောင်ရတာလဲ၊ အဲဒါက ခရမ်းရောင် သလင်းကျောက် ၂၀,၀၀၀ ပဲလေ။ မင်းချမ်းသာနေရင်တောင် မင်းရဲ့ သလင်းကျောက်တွေကို ဒီနည်းနဲ့ မသုံးသင့်ဘူး။ ယဲ့လိုင်ရှန်းက အရမ်းလှတယ်လို့ကြားပေမဲ့လည်း ဒီလိုမျိုး ပိုက်ဆံသုံးရတာ အရမ်းဖြုန်းတီးတယ်လို့ ငါထင်နေတုန်းပဲ။"

"ကောင်းပြီ၊ ငါ ယဲ့လိုင်ရှန်းအပေါ် ခရမ်းရောင် သလင်းကျောက် ၂၀,၀၀၀ သုံးစွဲဖို့ ဆန္ဒရှိနေတယ်လို့ မင်းထင်နေတာလား။ ငါ့သရုပ်ဆောင်စွမ်းရည်ကို ပိုပြီး အစစ်အမှန်ဖြစ်သွားတယ်ထင်ရအောင်လို့သာ မဟုတ်ရင် ငါအဲ့လိုလုပ်မှာ မဟုတ်ဘူး။ ခရမ်းရောင် သလင်းကျောက် ၂၀,၀၀၀ ကို ငါက တစ်ခါမှ မတွေ့ဖူးတဲ့ မိန်းမတစ်ယောက်နဲ့ တွေ့ရဖို့ ဘာလို့ သုံးရမှာလဲ?" ဖုန့်ရှီသည် ပြတင်းပေါက်နံဘေး မှီ၍ တံခါးဘေးတွင် ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေပြီး လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်ထဲသို့ ဝင်သွားသော အရိပ်နှစ်ခုကို တိတ်တဆိတ်ကြည့်လိုက်သည်။

အမျိုးသမီးနှစ်ဦးမှာ သီထျန်းဟွာနှင့် သူမ၏ အိမ်ဖော် လုံရှိတို့ဖြစ်သည်။ သူတို့သည် မူလက ဖုန့်ရှီ၏နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့ကြသော်လည်း ဖုန့်ရှီ ယဲ့ရှန်းထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသောအခါတွင် မအီမလည်မျက်နှာကြီး ဖြစ်သွားကြတော့သည်။ သူတို့ရဲ့ မာန နဲ့ သူတို့ကိုယ် သူတို့ လေးစားမှုတို့ကြောင့် သူတို့သည် ထိုသို့သော ညစ်ပတ်သည့် နေရာသို့ ဝင်ခွင့်မပြုနိုင်ဖြစ်နေရကာ ဖုန့်ရှီ ပျော်တော်ဆက်ဂေဟာက မထွက်လာမချင်း စားသောက်ဆိုင်မှာ နေဖို့ စိတ်ကူးလိုက်ကြတော့သည်။

"ဘာသရုပ်ဆောင်တာလဲ?" သုန်လင်း စိတ်ရှုပ်သွားရ၏။

ဖုန့်ရှီက ပြတင်းပေါက်ကို တိတ်တဆိတ်ပိတ်လိုက်ကာ "ငါတို့နောက်ကို လျှို့လျှို့ဝှက်ဝှက် လိုက်လာတဲ့ ထူးဆန်းတဲ့ အမျိုးသမီး နှစ်ယောက် ရှိတယ်။ သူတို့က မကောင်းတဲ့စိတ်နဲ့ လိုက်လာကြတာလို့ ငါ သံသယရှိတယ်။ သူတို့က ငါ့တို့ ပိုင်ဆိုင်ပစ္စည်းတွေကို မျက်စိကျနေတာ ဖြစ်နိုင်တယ်။ ပျံသန်းမိစ္ဆာသားရဲပေါ်ကနေ ငါတို့ ဆင်းလာကတည်းက သူတို့က ငါတို့နောက် တိတ်တဆိတ် လိုက်လာခဲ့ကြတာ၊ သူတို့ ခြုံခိုတိုက်ခိုက်မှာကို ငါကြောက်တယ်။ သူတို့ကို ဖယ်ရှားဖို့ နည်းလမ်းရှာရမယ်"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Tahanan ng mga kuwento. Tumuklas ngayon