140. Ice Qilin

1.4K 246 16
                                    

အပိုင်း ၁၄၀။ ရေခဲချီလင်

တိမ်တွေရဲ့အထက်မှာတော့ တိတ်ဆိတ်ပြီး ထိုးထောင်မြင့်မားနေတဲ့ နန်းတော်တစ်ခု ရှိသည်။

ဖုန့်ရှီနဲ့ ငရဲမင်းကြီးတို့ထက်အရင် နန်းတော်ထဲကို ကျူးကျော်ရောက်နှင့်နေတဲ့ လူနှစ်ယောက်က နန်းတော်ထဲ ဖောက်ထွင်းဝင်ရောက်ပြီး သူတို့ဝင်လာရာလမ်းတစ်လျောက်က ထောင်ချောက်ပေါင်းများစွာကို ဖယ်ရှားခဲ့ကြတာဖြစ်တသည့်အတွက် ဖုန့်ရှီနှင့် ငရဲမင်းတို့က နန်းတော်ထဲက များစွာသော အတားအဆီးနေရာတွေတစ်လျောက် သက်သောင့်သက်သာဖြင့် ဖြတ်သန်းသွားနိုင်သွားကြသည်၊ ထိုအတားအဆီးထဲက တစ်ခုက သလင်းပိုးကောင်လေတွေရဲ့ ရေခဲသလင်းစင်္ကြံလည်း တစ်ခုအပါအဝင်ဖြစ်၏။

သလင်းပိုးကောင်တွေက စိုစွတ်အေးစက်တဲ့ကုန်းမြေမှာသာ တွေ့ရှိနိုင်သည့် တမူထားခြားသော သတ္တဝါတစ်မျိုးဖြစ်ကာ အလွန်အမင်း အန္တရာယ်ေပးနိုင်သည့် သေစေနိုင်လောက်သော သတ္တဝါတစ်မျိုးဖြစ်ပြီး စကျင်ကျောက်တစ်ခုအရွယ်အစားရဲ့ ဆယ်ပုံပုံ တစ်ပုံသာ ရှိတတ်သည်။

၎င်းတို့က သူတို့ကိုယ်သူတို့ ရေခဲသလင်းတို့တွင် ကပ်တွယ်နေကာ သူတို့သားကောင်ကို တိုက်ခိုက်ဖမ်းယူဖို့ အခွင့်အရေးစောင့်ရင်း လဲလျောင်းနေတတ်လေ့ရှိသည်။ ကျူးကျော်ဝင်ရောက်လာသူ တစ်စုံတစ်ယောက်က သတိမမူမိပဲ ချော်လဲလိုက်ပြီဆိုတာနဲ့ အဲ့ဒီ့သလင်းပိုးကောင်လေးတွေက သူတို့ရဲ့ကိုယ်ထဲကို ကပ်တွယ်ပြီး အသွေးအသားတွေကို စုပ်ယူကာ ဝိညာဉ်ခမ်းခြောက်သွားတဲ့အထိ စားသုံးလိုက်မှာပဲဖြစ်သည်။ နောာက်ဆုံးမတော့ ပိုးကောာင်တွေ စားသောက်ပျော်ပါးပြီး ကျန်နေခဲ့တဲ့ ကိုယ်အခွံကြီးသပ်သပ်သာ ကျန်တော့မှာဖြစ်ကာ လူရုပ်သေးရုပ်တစ်ရုပ်ထက် ဘာမှ ပိုသာတော့မှာမဟုတ်တော့ပေ။ အဲ့တာက ရက်စက်ကျောချမ်းစရာလုပ်ရပ်တစ်ခုပဲဖြစ်သည်။

နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ ဒီလိုမြင်ကွင်းမျိုးမြင်ရတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ တစ်ခါတုန်းက ဒုစရိုက်သမားတစ်ယောက်က သလင်းပိုကောင်တွေကို မွေးမြူကာ လူသားတွေကို ထိန်းချုပ်ဖို့ အသုံးပြုခဲ့ဖူး၏။ ၎င်းပိုးကောင်များကို သုံးပြီး သူတို့ရဲ့ ပစ်မှတ်သားကောင်ကို ရုပ်သေးရုပ်အဖြစ်ပြောင်းပစ်ကာ သူတို့ရဲ့အမိန့်မှန်သမျှ နာခံလုပ်ဆောင်စေခဲ့သည့် ဖြစ်ရပ် ရှိခဲ့ဖူးသည်။ ထိုဖြစ်ရပ်က နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်တွင် ရုတ်ရုတ်သဲသဲ အုတ်အုတ်ကြွပ်ကြွပ် ဖြစ်သွားခဲ့ကာ နာမည်ကြီးဂိုဏ်းအုပ်စုများ ပူးပေါင်းလက်တွဲ ဖြေရှင်းခဲ့ရဖူး၏။ ထိုဂိုဏ်းများက နောက်ပိုင်းမှာတော့ ၎င်းပိုးကောင်တို့ကို အမြစ်ပြတ် ခြေမှုန်းသုတ်သင်နိုင်ခဲ့ကြပေမဲ့ လူ့အသက် အတော်များများတော့ ဆုံးရှုံးသွားခဲ့ကြရသည်။ အဆုံးမတော့ ကြိုးကိုင်သူကို အောင်အောင်မြင်မြင် သတ်နိုင်သွားခဲ့ကြသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Donde viven las historias. Descúbrelo ahora