115. Bullying the Weak

1.3K 232 7
                                    

အပိုင်း ၁၁၅။ အားနည်းသူကို အနိုင်ကျင့်ခြင်း

ဒေါသတကြီးဟိန်းသံတစ်ခု တောင်ကြားထဲပေါ်ထွက်လာကာ နားနေတဲ့ငှက်တွေကို အထိတ်တလန့်ဖြစ်သွားစေပြီး အရပ်မျက်နှာအနှံ့ ပျံပြေးသွားစေ၏။

အပြာနဲ့လူငယ်က ဒေါသထောင်းထောင်းထကာ နီရဲနေပြီဖြစ်သည်။ သူ့မျက်လုံးအစုံသာ ဓါးသွားထက်ထက်လိုပြောင်းလဲသွားနိုင်မယ်ဆိုရင် အနီနဲ့ကောင်လေးကို အပိုင်းပိုင်းအစစ ပိုင်းပြီးဖြစ်လောက်သည်။ သူ့နာမည်ကြောင့် အရှက်ကွဲရတာ သူ့ဘဝသက်တမ်းတလျောက်လုံးမှာ ဒါ ပထမဆုံးအကြိမ်ပင်။ သူ ဒီကောင်လေးကို ပညာမပေးနိုင်ဘူးဆိုရင် သူ့သိက္ခာ ဘယ်လိုလုပ် ထိန်းထားနိုင်ပါတော့မလဲ?

အဲ့အပြင် အနီနဲ့ကောင်လေးက မသိနိုးနား အပစ်ကင်းစင်တဲ့မျက်နှာလေး လုပ်နေတာဟာ အပြာနဲ့လူရဲ့ဒေါသ ငယ်ထိပ်ရာက်အောင်လုပ်နေသလိုဖြစ်ကာ ကောင်ငယ်လေးရဲ့မျက်နှာကို ဆွဲဖြဲပစ်ချင်တဲ့အထိ ဒေါသထွက်ရစေသည်။

ကောင်လေးကို သူသေကိုယ်သေ တိုက်ပွဲ စိန်ခေါ်ရဲတဲ့အကြောင်းရင်းက အနီနဲ့ကောင်လေးဆီက အားမည်းတဲ့စွမ်းအားအတက်အကျကိုသာ ခံစားမိတာကြောင့်ဖြစ်ပြီး တဖက်လူက နတ်ဘုရားဘုရင်နယ်ပယ်အဆင့်တောင်မရောက်သေးတဲ့ သနားစရာ ကျင့်ကြံသူတစ်ယောက်လို့ ယူဆလိုက်တာကြောင့်ပင်။ အဲ့တာကြောင့် သူ့ခွန်အားက ကောက်လေးကို အနိုင်တိုက်နိုင်မယ်လို့ခံစားရပြီး သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ရန်ဖြစ်သည်။ ဒီလောက် လူတွေအများကြီးရှေ့ အရှက်ခွဲခံရနာဟာ သူ့ကို အရှက်ရစေသည်။ အဲ့အပြင် ဟွာမိသားစုရဲ့ နာမည်ဂုဏ်သတင်းကိုလည်း ထိခိုက်စေ၏။

အဲ့အတွက်ကြောင့်လည်း အမျိုးသမီးငယ်က သူမရဲ့ ဂျူနီယာမောင်လေးကို မတားခဲ့ချေ။ သူတို့က သွေးသားတော်စပ်တဲ့မောင်နှမတွေမဟုတ်ပေမဲ့ သွေးနီးတဲ့တစ်ဝမ်းကွဲတွေဖြစ်သည်။ ဟွာမိသားစုမှာ ချင်းကျန်ရဲ့ ရာထူးက သူမပြီးရင် ဒုတိယလိုက်ပြီး ခုံသမာဓိလူကြီးမင်းရဲ့ မြေးဖြစ်သည်။ အဲ့အပြင် သူက မိသားစုရဲ့ အလားအလာရှိတဲ့ ဆက်ခံသူတစ်ဦးလည်း ဖြစ်သည်။ သူက အခုလို့မျိုး တခြားသူ အရှက်ခွဲတာခံရသင့်တဲ့သူမျိုးမဟုတ်၊ သူတို့က သူ့ကို လှောင်ပြောင်ရဲရင် ဟွာမိသားစုကိုလည်း လှောင်ပြောင်လာမှာဖြစ်သည်။ တကယ်လို့ ကောင်လေးက သူ့ကိုလာစော်ကားတဲ့ အကျိုးဆက် မပေးဆပ်ရဘူးဆိုရင် ဟွာမိသားစုကို အလွယ်လေး အနိုင်ကျင့်လို့ရမယ်လို့ လူတွေ ထင်သွားကြလိမ့်မယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now