87. The Great Black Explosion

1.4K 261 16
                                    

Please scroll down for Zawgyi.

အပိုင်း ၈၇။ အနက်ရောင် ပေါက်ကွဲမှုကြီး

မင်းဟေးယွီမျက်နှာပေါ်တွင် လေးနက်သည့်အမူအယာနှင့်အတူ တကိုယ်လုံး ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအားတို့ကို ထုတ်လွှတ်နေသည်။ သူ့ဟိတ်ဟိန်အမူအယာက ကွင်းတစ်ခုလုံး လွှမ်းခြုံထားပြီး လူတိုင်းကို ကြောက်ရွံမှု ပေးစွမ်းနေကာ ကွင်းအနီးအနားမှာ ရပ်နေကြသော လူအချို့တို့မှာ တစ်စက္ကန့်လောက် အသက်ရှုရပ်သွားကြရတော့သည်။

ပွဲကြည့်ပရိတ်သတ်တွေအားလုံး မျက်နှာအမူအယာ ပြောင်းသွားကြကာ အများစုမှာ မင်းဟေးယွီကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး တအံ့တဩအမူအယာ ပေါ်နေကြသည်။ သူ့ကျင့်ကြံမှုအခြေခံက သိသိသာသာကြီးကို အရမ်းအားကောင်းတဲ့အတွက် သူက ပထမနေရာ ရနိုင်ချေ ရှိတဲ့ ဖြေဆိုသူတစ်ယောက်ဆိုတာ သံသယဝင်စရာ မရှိပေ။ သူ ထုတ်လွှတ်နေတဲ့ ဩဇာအရှိန်အဝါကို အကဲဖြတ်ကြည့်ရုံနဲ့ သူက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်လေးရောက်နေသူ တစ်ဦး ဖြစ်ရမည်။

အဲ့နေရာမှာရှိသော လူတွေက အချင်းချင်း တီးတိုး ပြောနေကြပြီး အများစုက မင်းဟေးယွီ၏ စွမ်းအားအပေါ် ယုံကြည်မှုအပြည့် ရှိနေကြသည်။ တချိန်တည်းမှာပဲ မင်းဟေးယွီထက် ကျင့်ကြံဆင့် သုံးဆင့်လောက် နိမ့်နေတဲ့ ဖုန့်ရှီမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဟု သူတို့ တွေးလိုက်ကြသည်။

ဒါပေမဲ့ လူအများစုကတော့ ကောင်လေးရဲ့ အစစ်အမှန်ခွန်အားကို ကြည့်ရဖို့ မျှော်လင့်နေကြပြီး ဖုန့်ရှီအပေါ် အချိန်ပြည့် အာရုံစိုက်နေကြတော့သည်။

မင်းဟေးယွီက သူ့သားကောင်ကို ယူသွားသည့်အတွက် ယန်းမင်းယွမ် အနည်းငယ် မခံမရပ်နိုင် ဖြစ်သွားသော်လည်း ဖုန့်ရှီကို တခြားတစ်ယောက် အနိုင်ယူလိုက်မှာကိုတော့ ယန်းမင်းယွမ် စိတ်ထဲမထားပေ။ ရလဒ်က သူ့အမုန်းတွေကို ဖြေဖျောက်ပေးနိုင်မှာ ဖြစ်သည်ကြောင့် မင်းဟေးယွီ ဖုန့်ရှီကို ဖျက်ဆီးပစ်မည့်အရေးကို သူမြင်တွေ့ရဖို့အတွက် အတော့ကို ပျော်ရွှင်နေတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)حيث تعيش القصص. اكتشف الآن