90. Closure

1.5K 258 6
                                    

Please scroll down for Zawgyi.

အပိုင်း ၉၀။ ပိတ်သိမ်းခြင်း

ဖုန့်ရှီရဲ့ အဖော်တွေက သူ့သခင်မျက်နှာပေါ်က အပြုံးကို မြင်တော့ ချက်ချင်းပဲ ဒါမျိုး ကြုံဖူးသလို ခံစားမိသွားကြသည်။

ထူးဆန်းတဲ့ ခံစားချက်က သူတို့ရဲ့ ဝိညာဉ်တွေကိုတောင် ခိုက်ခိုက်တုန်သွားစေသည်။ သူတို့ အံ့ဩသွားကြတာမဟုတ်ပေမဲ့ တကယ်ကို အလွန့်အလွန် ကြောက်တာပင်။ ဒီလို ခံစားချက်မျိုးက ဖုန့်ရှီ အခြားသူတွေနဲ့ တိုက်ပွဲတစ်ခုမှာ အဲ့လို ဖြစ်ပေါ်ဖူးပြီး သူ့တို့ဦးဏှောက်ထဲ ခုထိ ရှိနေကြဆဲပင်။

ဖုန့်ရှီ တိုက်ပွဲရင်ဆိုင်တိုင်းမှာ သူ့အဖော်တွေက ဖုန့်ရှီ အခြားသူတစ်ယောက်လို ပြောင်းသွားသလို သူတို့အားလုံး ခံစားကြရသည်။

ပိုထူးခြားတာက ဖုန့်ရှီ တိုက်ပွဲအတွေ့အကြုံ ပိုများလာလေလေ အဲ့လို ခံစားချက်က ပိုရှင်းလာလေလေ ဖြစ်ရသည်ပင်။ အခု သူ့အဖော်တွေက သူ့မျက်နှာပေါ်က အမူအယာကို မြင်ပြီး ထူးဆန်းတဲ့ ခံစားချက်တို့ ပိုအားကောင်းလာကာ သူတို့သခင်က သွေးထွက်သံယို တိုက်ပွဲတွေကို တိုက်ဖို့များ မွေးဖွားလာသလားလို့ သူတို့ စတင် တွေးမိလာကြတော့သည်။

'ဒါပေမဲ့ သခင်က ဘာစွမ်းအားမှာ မရှိခဲ့တဲ့ လူသားတစ်ယောက် ဖြစ်ခဲ့ဖူးတာမှတ်လား?'

အဲ့မေးခွန်းအဖြေကို သူတို့ အဖြေရှာမရကတည်းက ကြိုးစားမနေကြတော့ဘဲ ကွင်းထဲ မျက်နှာချင်းဆိုင် ရပ်နေကြတဲ့ လူနှစ်ဦးကို ကြည့်လိုက်ကြတော့သည်။ သူတို့အမြင်မှာတော့ ယန်းမင်းယွမ်က အခု အနိုင်ရနိုင်ဖွယ်လမ်း လုံးဝရှိမနေချေ။ သူ နောက်ဆုံးတိုက်ပွဲမှာ စိတ်ဓါတ်ကျနေတာဖြစ်ပြီး အရေးအကြီးဆုံးက ယန်းမင်းယွမ်ရဲ့ ကျင့်ကြံဆင့်က ဖုန့်ရှီထက် အများကြီး နိမ့်နေခြင်းပင်။

ဖုန့်ရှီက နတ်ဘုရားနယ်ပယ်အဆင့် အဆင့်ခြောက် ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယန်းမင်းယွမ်ကတော့ တူညီတဲ့နယ်ပယ်အဆင့်ရဲ့ အဆင့်သုံးမှာ ဖြစ်သည်။ ကောင်းကင်ကနေ မိုးနီတွေ ကျတော့မှသာ၊ ဇွန်လကြီး နှင်းတွေ ကျတော့မှသာ၊ အမျိုးမျိုးသော အံ့ဖွယ်ဘနန်းတွေ အကုန် ဖြစ်ပျက်တော့မှသာ တဖက်လူက နိုင်နိုင်မှာ! အတိုချုံးပြောရရင် ယန်းမင်းယွမ် သေချာပေါက်ကို ရှုံးမှာပဲ!

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now