67. Drawing Lots

1.5K 251 0
                                    

အပိုင်း ၆၇။ မဲနှိုက်ခြင်း

ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ လူတိုင်း ချွေးတဒီးဒီး ကျနေကြပေမဲ့ စိတ်တွေကတော့ တက်ကြွနေကြဆဲပင်။

အကဲဖြတ်ပွဲ တက်ရောက်လာတဲ့ ကျင့်ကြံသူတွေနဲ့ ရင်ပြင်ကျယ်ဟာ ကျိတ်ကျိတ်တိုး ပြည့်ကျပ်နေတယ်။ တက်ရောက်လာသူဦးရေက တစ်ထောင်နီးပါး ရှိတယ်။ အကဲဖြတ်မှု စတင်တော့မှာ ဖြစ်တဲ့အတွက် ကျင့်ကြံသူတိုင်းဟာ စတင် စိုးရိမ်စိတ်လှုပ်ရှားလာကြတယ်။

အကဲဖြတ်မှုက အရမ်း တင်းကြပ်တယ်လို့ ဆိုထားကြတယ်၊ ပြီးတော့ တက်ရောက်လာသူတွေရဲ့ တစ်ဝက်လောက်က ပထမစမ်းသပ်စစ်ဆေးမှုမှာတင် ကျရှုံးဖယ်ရှားခံရမှာဖြစ်တယ်။ ဒီမှာရှိတဲ့ ကျင့်ကြံသူအချို့က အကဲဖြတ်မှု အခန်းအနားကို ကြိမ်ဖန်များစွာ တက်ရောက်ကြဖူးသူတွေ ဖြစ်တဲ့အတွက် အကဲဖြတ်မှုရဲ့ လုပ်ငန်းတာဝန်တွေ တော်တော်များများကို သူတို့ ရင်းနှီးနေကြတယ်။ ဒါပေမဲ့ တက်ရောက်လာသူတွေကို ချပေးတဲ့ လုပ်ငန်းတာဝန်တွေက ကျပန်း ချပေးတာဖြစ်တဲ့အတွက် သူတို့မှာ ခိုးချဖို့ လှည့်ဖျားဖို့အတွက် အခွင့်အလန်းမရှိဘူး။

သူတို့ ဘယ်တာဝန်ကို ကျမလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ ဒါ့ကြောင့် အကဲဖြတ်မှု အောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ပဲ ဖြစ်တယ်။

ရင်ပြင်ကျယ်မှာ စူးစူးရဲရဲ အသံတစ်သံ ထွက်ပေါ်လာတဲ့အခါမှာ လူတွေအကြား တွတ်ထိုးဆွေးနွေးနေကြတာတွေ ရုတ်ချည်း ရပ်တန့်သွားတယ်။ လူအားလုံးက အစိမ်းရောင် ငရဲသားအသင်းရဲ့ အထင်ကရ အဆောက်အအုံကို တပြိုင်နက်တည်း စေ့စေ့ စူးစိုက်ကြည့်လိုက်ကြတယ်။

အဆောက်အအုံရဲ့ အပေါ်မှာ အစိမ်းရောင် ပုံသဏ္ဍာန်တစ်ခု လျောက်လာနေတယ်။ အဲ့တာကတော့ ဟိတ်ဟန် အပြည့်ရှိတဲ့ အေးစက်စက် မျက်နှာထားနဲ့ အရပ်ရှည်ရှည် တောင့်တောင့် ဖြောင့်ဖြောင့် လူငယ်တစ်ဦးဖြစ်တယ်။ လူအားလုံးက သူ့ခြေဖဝါးအောက် ရောက်နေတဲ့ နတ်ဘုရားတစ်ပါးအလား သူက အောက်ကလူတွေကို ငုံ့မိုးကြည့်လိုက်တယ်။ အဲ့တာက တခြားသူတွေကို မသက်မသာ ဖြစ်စေပေမဲ့လည်း ဒီလူငယ်က အဲ့လိုလုပ်နိုင်တဲ့ လုံလောက်တဲ့ စွမ်းအားရှိတဲ့သူဆိုတာ သူတို့ သိကြတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now