132. Recognized

1.2K 238 19
                                    

အပိုင်း ၁၃၂။ အသိအမှတ်ပြုခြင်း

အပြာရောင်အင်္ကျီ ဝတ်ထားတဲ့လူငယ်တစ်ယောက်က စားသောက်ဆိုင်ရဲ့ အဝေးတစ်နေရာက ထောင့်တစ်ခုမှာ ထိုင်နေ၏။

သူ့ကိုမြင်တော့ မိုလန်းက ကြောင်သွားရကာ မျက်လုံးအစုံ ပြူးကျယ်သွားတော့သည်၊ "မင်း...မင်းက...မဟုတ်မှ..."

မိုလန်းတစ်ယောက်သာ ထိတ်လန့်သွားသူမဟုတ်၊ ဟွမ်ရဲနဲ့ ကျုံးဝူချင်းတို့လည်း ထိတ်လန့် ကြောင်အမ်းသွားတော့သည်။ ဒီလူကို ဒီမှာ တွေ့ရလိမ့်မယ်လို့ သူတို့ လုံးဝ တွေးထင်မထားခဲ့။ သူထွက်ပေါ်လာတာက မျှော်လင့်မထားတဲ့အချက်ဖြစ်နေတဲ့အပြင် စိတ်ကူးထဲတောင် တွေးမထားခဲ့တဲ့အချက်ပင်။ ဟွမ်ရဲနဲ့ ကျုံးဝူချင်းတို့ ပိုလို့တောင် သံသယဝင်သွားကြသည်၊ မြစိမ်းရောင်နဂါးတောင်တန်းတွေထဲမှာ သူတို့မတွေ့ရှိသေးတဲ့ တစ်စုံတစ်ရာ ပုန်းကွယ်တည်ရှိနေတာ ဖြစ်နိုင်သည်။

"လောင်နန်ရှု!' မိုလန်းက အလန့်တကြား ပင့်သက်ရှိုက်လိုက်ကာ သူ့မျက်နှာအမူအယာက ဖြူတစ်ခါ၊ ပြာတစ်လှည့်၊ နီတစ်မျိုး၊ ခရမ်းတစ်သွယ် အမျိုးမျိုး ပြောင်းသွားတော့သည်၊ "မင်းက ဘာလို့ ဒီရောက်နေတာလဲ?"

လောင်နန်ရှုရဲ့ နာမည်က ရေထဲပစ်ချလိုက်တဲ့ ဗုံးတစ်လုံးအလား တည်းခိုခန်းတစ်ခုလုံး အုတ်အုတ်သောင်းနင်း ဖြစ်သွားတော့သည်။

ထိတ်လန့်တကြား ပင့်သက်ရှိုက်သံတို့ လူအုပ်ထဲ သံစုံပလုံစီသွားပေမဲ့ လူအများစုကတော့ သူ့ကို ထက်သန်ပြင်းပြတဲ့ လေးစားမှုတို့နဲ့ ငေးကြည့်နေကြသည်။ လောင်နန်ရှုရဲ့ နာမည်က နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ထဲက လူငယ်ကျင့်ကြံသူတွေကို ကိုယ်စားပြုနေတာသာမဟုတ်၊ အသက်ကြီးပိုင်း ကျင့်ကြံသူတွေ အတော်များများကိုပါ အရှက်ရစေသည်။ သူ့နာမည်က နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ အတော်ဆုံးဆိုင်ဖြစ်တဲ့ ဂူနီလာ ကုန်သည်ကြီးများအသင်းကိုလည်း ကိုယ်စားပြုသည်။

ဂူနီလာကုန်သည်ကြီးများအသင်းက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော် အလယ်ပိုင်းဒေသရဲ့ အထက်ပိုင်းနယ်မြေမှာ တည်ရှိတာဖြစ်သည်။ သူတို့ရဲ့ တည်ထောင်သူကတော့ ကောင်းကင်နတ်ဘုရား ကိုးပါးထဲက တစ်ပါးဖြစ်တဲ့ ကြီးမြတ်လှတဲ့ ကောင်းကင်လေနတ်ဘုရားဖြစ်သည်။ သီနိုကုန်သည်ကြီးများအသင်းနဲ့ နှိုင်းယှဉ်လိုက်ရင် ကြီးမြတ်လှတဲ့ ကောင်းကင်နတ်ဘုရားတစ်ပါးရှိတဲ့ ဂူနီလာကုန်သည်ကြီးများအသင်းက အလုံးစုံ မတူညီတဲ့ တည်ရှိမှုတစ်ခုပင်။ ဂူနီလာ ကုန်သည်ကြီးများအသင်းက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ထဲမှာ အချမ်းသာဆုံးအင်အားစုလို့တောင် ပြောနိုင်သည်။ နိုင်ငံတစ်ခုလုံးရဲ့ ချမ်သာကြွယ်ဝမှုရှိရုံသာမက စွမ်းအားအထက်ဆုံးကျင့်ကြံသူတွေရော လက်နက်သန့်စင်သူအတော်များများကိုပါ ပိုင်ဆိုင်ထားတာဖြစ်သည်။ သူတို့ရဲ့ ရာထူးအဆင့်အတန်းတွေထဲမှာ အဆင့်ကိုး မီးနတ်ဘုရားလက်နက်သန့်စင်သူတောင်မှ သူတို့အတွက် အလုပ်လုပ်ပေးနေတာမို့ သူတို့ရဲ့ နာမည်ဂုဏ်သတင်းက အလွန့်အလွန် သာမာန်ထက် လွန်ကဲထူးမြတ်နေသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now