105. The Red Lotus Hell

1.3K 239 8
                                    

အပိုင်း ၁၀၅။ ကြာပန်းနီငရဲ

ကောင်လေးက အပြင်ကနေ ခုလေးတင်ပြန်ရောက်တာမို့ ထင်သည်၊ သူ့မျက်နှာပေါ်က စိတ်ပျက်သွားတဲ့အမူအယာက အကြာကြီး မခံလိုက်ချေ။

အဲ့တာကိုမြင်တော့ ဘုရင်ကြီးက ကောင်လေးရဲ့ ခေါင်းကို ပွတ်ပေးလိုက်ပြီး ပြောလိုက်၏၊ "ရှီ၊ နောက်တော့ ကိုယ်တော်နဲ့ တစ်နေရာကို လိုက်ခဲ့။"

"ဘယ်နေရာလဲ?" ဖုန့်ရှီ သိချင်သွားတဲ့အမူအယာနဲ့ နှာရှုပ်လိုက်သည်။ ပုံမှန်ဆို ဘုရင်ကြီး သူ့ကို ခေါ်သွားမယ့်နေရာတွေက စိတ်ဝင်စားစရာနေရာတွေ၊ ဒါမှမဟုတ်ရင် နှိပ်စက်ညှင်းပန်းတဲ့နေရာ...

ဘုရင်ကြီးက လေသံတန်းတန်းနဲ့ ဖြေလိုက်သည်၊ "ရောက်ရင် သိလိမ်မယ်။"

"ကောင်းပြီ။" ဖုန့်ရှီ ဘုရင်ကြီးရဲ့ လေသံတန်းတန်းကို အတုခိုးပြောလိုက်သည်။ ဒါပေမဲ့ သူက ဘုရင်ကြီး အဲ့လိုပြန်ဖြေမယ့်အဖြေကို မှန်းပြီးဖြစ်တာကြောင့် သူ့မျက်လုံးထဲ စိတ်ပျက်မှုတွေအစား မျှော်လင့်ချက်ပဲ ရှိနေတော့သည်။

ကောင်လေး သူ့အတွေးနဲ့သူ နစ်မြောနေတာကို သူ တွေ့တော့ ဘုရင်ကြီးမျက်လုံးထဲ နုးညံ့တဲ့အပြုံးလေးတစ်ပွင့် ပေါ်လာပြီးနောက် ဖန်းဝံပုလွေနဲ့ နန်ကုန်းလီကို ကြည့်လိုက်၏။

"နန်ကုန်းလီ၊ ငါကိုယ်တော် မင်းကို မနက်ဖန်မှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေအနည်းငယ်လောက်ကို ရွေးစေချင်တယ်။ သူတို့ကို နောက် လေးရက်ကြာရင် ကောင်းကင်ထွတ်ထိပ်နန်းတော်မှာ လာစုဝေးပါလို့ ပြောလိုက်။ မှတ်ထားရမှာက အဲ့ဒီ့ကျင့်ကြံသူတွေက အကြွင်းမဲ့ နာခံတတ်ရမယ်၊ အဲ့တာ အရေးအကြီးဆုံးပဲ။" ဘုရင်ကြီးက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးထဲ ဘာအမူအယာမှ မပါပေမဲ့ သူ့စကားလုံးတွေက အတော့ကို အဓိပ္ပါယ် အပြည့် ဖြစ်နေပုံ ပေါ်နေသည်ပင်။

"အမိန့်အတိုင်းပါ၊ အရှင်မင်းကြီး!" နန်ကုန်းလီက အနည်းငယ် ထိတ်လန့်သွားရသည်။ အဲ့နောက် သူက တည်ငြိမ်သွားကာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို အသေအချာ နှုတ်လုံဖို့ မှာထားရမယ်လို့ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ တကယ်လို့ ဘုရင်ကြီးက နန်ကုန်းလီကို တာဝန်ယူစေ့ချင်တယ်ဆိုရင် နန်ကုန်းလီ အဲ့တာကို သာမာန်သတိပေးချက်တစ်ခုထက်ပိုပြီး အလေးထားရမှာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now