121. East Sun Demon

1.4K 238 8
                                    

အပိုင်း ၁၂၁။ အရှေ့နေမိစ္ဆာ

ဒီရက်ပိုင်းတွေမှာတော့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ မြောက်ဘက်ပိုင်းမှာ အုတ်အုတ်ကျတ်ကျတ်ဖြစ်သွား၏။

လတ်တလောဖြစ်ပျက်သွားတဲ့အရာတစ်ခုကတော့ ရေခဲတောင်ကြား စီးနင်းတိုက်ခိုက်ခံရတာထက် ပိုပြီး ကြီးမားတဲ့ အမွှေကြီးတစ်ခု ဖြစ်ပျက်သွားခဲ့တာဖြစ်သည်။

အညတရဆူးလားမိသားစုက ရုတ်တရက် မြင့်လာပြီး မြောက်ပိုင်းဒေသရဲ့ ထိပ်တန်းမိသားစုတစ်စုဖြစ်တဲ့ ဟွာမိသားစုနဲ့ ရန်စတစ်ခု ပျိုးခဲ့ခြင်းပင်ဖြစ်သည်။

ပြောကြတာကတော့ ဟွာမိသားစုရဲ့ဆက်ခံသူ ချင်းကျန်က ဆူးလားမိသားစုဆီ ဖိတ်စာသွားပို့တဲ့အချိန်မှာ အနီနဲ့ကောင်လေးရဲ့ အသတ်ကို ခံလိုက်ရတယ်ဟူ၍ပင်။ အဲ့ဒီ့ကောလဟာလက အတော်ပျံ့သွားပြီး တချို့ကဆို ဆူးလားမိသားစုက မြောက်ပိုင်းဒေသတခွင်မှာ ဟွာမိသားစု ကြီးစိုးနေတဲ့ အခြေအနေကို မကျေနပ်တဲ့အတွက် ဆူးလားမိသားစုဝင်တစ်ယောက်က ဖိတ်စာလာပို့တဲ့ ချင်းကျန်ကို သတ်လိုက်ပြီး ဟွာမိသားစုကို သတိပေးလိုက်တာလို့တောင် ဆိုကြ၏။

ဒါပေမဲ့ အဲ့တာဟာ ဟွာမိသားစုက ဆင်ထားတဲ့ဇာတ်လမ်းဆိုတာ အသိသာကြီးပဲမို့ လူတော်တော်များများကတော့ မယုံကြချေ။

မြောက်ပိုင်းဒေသကလူတိုင်း သိကြတဲ့ ချင်းကျန်ဟာ သူ့ရဲ့အကျင့်စာရိတ္တနဲ့ ဒေါသကြီးတာတို့ကြောင့် နာမည်ကြီး၏။ သူ့မိသားစုနောက်ခံနဲ့ သူ့ရဲ့ အရည်အချင်းတို့ကို အမှီပြုပြီး သူက မြောက်ပိုင်းဒေသတစ်ခွင်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြုမူခဲ့တာ အတော်ကြာပြီမို့ နာမည်ဆိုးနဲ့ကျော်ကြားတာဖြစ်သည်။ အဲ့အတွက်ကြောင့် လူတိုင်းက သူ သေရခြင်းဟာ သူက သူ့ထက်စွမ်းအားကြီးတဲ့ တစ်စုံတစ်ယောက်ကို သွားပြီး စိန်ခေါ်မိလိုက်လိ့ဆိုတာ ရှင်းရှင်းလင်းလင်း သိကြ၏။

အကျိုးဆက်အနေနဲ့ လူအချို့က သူ့သေဆုံးခြင်းအပေါ် ပျော်ရွှင်ကြသလို၊ အချို့ကလည်း စိတ်အလှုပ်ရှားလွန်လွန်းလို့ ငိုတောင်ငိုမိကြသည်အထိဖြစ်ကြပေမဲ့ လူတော်တော်များများကတော့ ပျော်ပွဲတစ်ခု ကြည့်ရတော့မယ်ဆိုပြီး အစီအစဉ်ဆွဲနေကြပြီဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now