111. Hanging by a Thread

1.3K 231 4
                                    

အပိုင်း ၁၁၁။ ကြိုးတန်းပေါ်မှာ (အလွန်အန္တရာယ်များသောအခြေအနေ)

ဆူးလားမိသားစုရဲ့ဌာနချုပ်ကနေ အလင်းစူးစူးတစ်ခု ချက်ချင်း ပျံသန်းထွက်လာပြီး ဆူးလားမိသားစုခေါင်းဆောင်နဲ့ အကြီးပိုင်းလူအိုကြီးတွေရဲ့ ပုံသဏ္ဍာန်တွေ လေထဲ ထွက်ပေါ်လာ၏။ သူတို့က ပင်းလိန်ထျင်းကို စူးစူးရဲရဲကြည့်လိုက်ကြကာ သတိကြီးကြီးထားလိုက်ကြ၏။

ဆူးလားမိသားစုရဲ့ အသန်မာဆုံးကျင့်ကြံသူက ကာလွမ်သလာရဲ့ဖခင် ကျန်းပါးလား ဖြစ်သည်။ သူက နတ်ဘုရားဘုရင်နယ်ပယ် ထိပ်ပိုင်းအဆင့်ဖြစ်တဲ့ အဆင့်ကိုးကို ရောက်နေပြီဖြစ်ပြီး နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့်ကိုရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တာဖြစ်သည်။

ဒါပေမဲ့ အဲ့ဒီ့ တစ်ဆင့်ကလည်း မိုင်တစ်သောင်းရှစ်ထောင်လိုကို ဝေးကွာလှသည်။ နတ်ဘုရားဘုရင်နယ်ပယ်နဲ့ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့်တို့ကြား ကွာဟချက်က အရမ်း ကြီးမားလှသည်။ ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ကို ကျော်ဖြတ်ပြီးပြီဆိုတာနဲ့ သူတို့ရဲ့ ဝိညာဉ်နဲ့ စိတ်ဝိညာဉ်စွမ်းအားတို့ဟာ အခြေခံကျတဲ့ပြောင်းလဲမှုတွေ ဖြစ်ပွါးသွားကြမှာဖြစ်သည်။ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ ဝိညာဉ်က ပိုပြီး သန်မာသည်။ သူတို့ စိတ်ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုအောက် သက်ရောက်တဲ့အခြေအနေမျိုးမှာ သူတို့ရဲ့ကျင့်ကြံဆင့်နဲ့ ပြိုင်ဘက်ရဲ့ ကျင့်ကြံဆင့်အကြား ကွာဟချက်က မကြီးမားသ၍ သူတို့ဝိညာဉ်တွေ တစ်စစီပြန့်ကျဲသွားမယ့်အရေးကနေ ကာကွယ်နိုင်သည်ပင်။

သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေ ပြောင်းလဲတာနဲ့ပတ်သက်လို့်က နတ်ဘုရားဥဿျှောင်နယ်ပယ်ပညာရှင်တစ်ယောက် ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်သည်။ သူတို့ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့အချိန်မှာ သူတို့ပတ်လည်က စွမ်းအင်တွေကို မြန်မြန်ဆန်ဆန် စုပ်ယူနိုင်ပြီး သူတို့ရဲ့သွေးကြောထဲကို ပြန်ဖြည့်နိုင်သည်။ အဲ့ဒီ့စွမ်းရည်က နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ပညာရှင်တွေ မရနိုင်တဲ့အရာပါ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Kde žijí příběhy. Začni objevovat