54. Reaching the Next Grade

1.5K 284 5
                                    

အပိုင်း ၅၄။ နောက်တဆင့်သို့ တက်ရောက်ခြင်း

ဘုရင်ကြီးရဲ့အသံက ရုတ်တရက် တံခါးကနေ ဝင်လာတာကြောင့် ကောင်လေးနဲ့ နတ်ဘုရားနှစ်ပါးတို့ အလွန် ထိတ်လန့်သွားကြတယ်။

ဖုန့်ရှီက အပြစ်ရှိသလို ခံစားသွားရပြီး တုန်ယင်နေတဲ့ သူ့လက်က ချက်ချင်းပဲ သစ်သီးကို လွှတ်ချလိုက်တယ်။ အဲ့နောက် သစ်သီးက ကျင့်ကြံတဲ့အခန်းရဲ့ တံခါးဝဆီ ချက်ချင်း လိမ့်သွားပြီး ချိုမွှေးတဲ့အနံ့ ထွက်လာတယ်။

ဘုရင်ကြီးရဲ့ အဖြူရောင်ပုံသဏ္ဍာန်ဟာ တံခါးဝဆီ ရောက်နှင့်နေပြီ ဖြစ်ပြီး သူ့ခြေထောက်ဆီ လိမ့်လာတဲ့ သစ်သီးပေါ် တက်နင်းလုမတက် ဖြစ်သွားတယ်။ ဖုန့်ရှီက ဘုရင်ကြီးဆီ အော်လိုက်ရင်း ချက်ချင်း ပြေးသွားလိုက်တယ်၊ "ခေါင်းဆောင်၊ ခြေလှမ်းသတိထား!"

တကယ်တော့ ဖုန့်ရှီ အော်စရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ ဘုရင်ကြီးက သစ်သီးကို သတိပြုမိပြီး ဖြစ်လို့ ဖြစ်တယ်။ ဘုရင်ကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ သစ်သီးက သူ့လက်ထဲ ချက်ချင်း ပျံတက်လာတယ်။

အဲ့နောက် ဘုရင်ကြီးက သူ့လက်ကို မြှောက်လိုက်တယ်။ လေကိုပဲ ဆုပ်ကိုင်မိသွားတဲ့ ဖုန့်ရှီ ဘုရင်ကြီးရဲ့ လက်မောင်းထဲ တည့်တည့် ပစ်ကျသွားတယ်။

"ကိုယ်တော် ခဏလေးပဲ အဝေးရောက်နေတုန်းရှိသေး၊ မင်းက ချက်ချင်းပဲ ဆိုးနေပြန်တယ်။ မင်း နောက်တဆင့်ကို မရောက်ချင်ဘူးလား?" ငရဲမင်းကြီးက ဖုန့်ရှီကို အနည်းငယ် အပြစ်တင်တဲ့အသံနဲ့ ပြောရင်းနဲ့ ကြည့်လိုက်တယ်။

"ဟုတ်တာပေါ့၊ ကျွန်တော် နောက်တဆင့်ကို ရောက်ချင်တယ်။ ကျွန်တော်က ဒီတိုင်း .... ကျွန်တော်က ခေါင်းဆောင်ကို စောင့်နေလို့။ ဒါက ကျွန်တော် ဒါမျိုး ပထမဆုံးအကြိမ် စားရမှာလေ၊ ပြီးတော့ ကျွန်တော် သတိထားရမယ်။ ခေါင်းဆောင်ရော အဲ့လို မထင်ဘူးလား?" ဖုန့်ရှီက သူ့မျက်လုံးကို လိမ့်လိုက်ပြီး သူ့မှာ ပေါ်လာတဲ့ အကောင်းဆုံး ဖြေရှင်းချက်ကို ပေးလိုက်တယ်။

ငရဲမင်းကြီးက ဖုန့်ရှီရဲ့ အလိမ်အညာကို မထောက်ပြပဲ သူ့လက်ထဲ သစ်သီး ထည့်ပေးလိုက်ရင်း ပြောလိုက်တယ်၊

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now