Chapter 178 The Supreme Sun Insignia

1.1K 147 3
                                    

အပိုင်း ၁၇၈။ မြင့်မြတ်သော နေမင်းအဆောင်အယောင်

"ဟားဟား၊ ငါ လုပ်လိုက်ပြီ။"

သီထျန်းဟွာ မလှုပ်မရှားနိုင်ဖြစ်နေတာကို မြင်တော့ ဖုန့်ရှီက ချက်ချင်းပဲ ခုန်ပေါက်ကာ ပျော်သွားပုံပေါ်သည်။

အကယ်၍ သူ သေမျိုးကမ္ဘာမှာ အသုံးပြုခဲ့သည့်ဆေးကို သုံးမည်ဆိုလျင် သီထျန်းဟွာအပေါ် သေချာပေါက် အလုပ်ဖြစ်မည်မဟုတ်။ သို့သော် ကြောက်စရာအရညက ကောင်းကင်ဘုံနန်းတော်တွင်း နှစ်ပေါင်းများစွာကြာအောင် နှပ်ထားခဲ့သော စိတ်ဝိညာဉ်စွမ်းရည်မှ ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် အနိမ့်စားကောင်းကင်ဘုံနတ်ဘုရားနယ်ပယ်ဆင့်ထက် နိမ့်သည့် ကျင့်ကြံသူတို့အပေါ် အလုပ်ဖြစ်မည်ဖြစ်သည်။ သီထျန်းဟွာ ၎င်းကို နည်းနည်းလေး ထိလိုက်မိသည်နှင့် သူမကိုယ်ခန္ဓာက ကျောက်တုံးတစ်တုံးလို ရုတ်တရက် တောင့်တင်းသွားမည်ဖြစ်ကာ မျက်စံနှစ်ခု လှုပ်ရှားနိုင်သည်ကလွဲလို့ ဘာဆိုဘာမှ မပြောနိုင် ဖြစ်သွားမှာဖြစ်သည်။

သီထျန်းဟွာက ဖုန့်ရှီကို ကျောပေးထားသည့်အတွက် သူမအပေါ် ဘယ်သူ အကောက်ကြံသလဲဆိုတာ သူမ မမြင်နိုင်၊ ဖုန့်ရှီကလည်း သူမအရှေံ တမင်ကြီး အကောင်အထည်ထွက်ပြမည်မဟုတ်။

ဖုန့်ရှီက သီထျန်းဟွာ၏ခေါင်းထက် အနက်ရောင်အဝတ်ပိုင်းတစ်ပိုင်းကို တင်လိုက်ကာ အစေခံအမျိုးသမီး တွေ့သွားခဲ့သည်ရှိသော်ဆိုသည့်အနေနှင့် ပြူတင်းတံခါးကို ပိတ်လိုက်သ်ည။ သီထျန်းဟွာ မလှုပ်မရှားနိုင်ဖြစ်နေစဉ်အတွက် သူက သူမလက်ထဲမှ နေရာလွတ်လက်စွပ်နှစ်ကွင်းကို ချွတ်ယူလိုက်သည်။

ယုံကြည်ချက် အရှိလွန်လွန်းလို့ဖြစ်မည်၊ သီထျန်းဟွာ၏ လက်စွပ်တွေက ဘာမှ ဖုန်းအုပ်မထားပေ။ ဖုန့်ရှီက သူမအင်္ကျီလက်ကို မတင်တော့မည့်အချိန်မှာပဲ လက်စွပ်နှစ်ကွင်းကို တွေ့သွားခဲ့ခြင်းဖြစ်သည်။ လက်စွပ်တွေကို ချွတ်ပြီးနောက် သူက သူ့ သစ်သားလက်စွပ်ထဲ ပစ်ထည့်လိုက်သည်။ ရုတ်တရက် သူမ ခါးထက်က ချိတ်ဆွဲထားသည့် အရာတစ်ခုကို သူ ဖြတ်ခနဲတွေ့လိုက်ကာ ဖြုတ်ယူလိုက်၏။ တမဟုတ်ချင်းပင် အပူစွမ်းအားတစ်ခု သူ ဆောင့်ခနဲ ခံစားလိုက်ရသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now