101. The Coldblooded Carendra

1.4K 258 7
                                    

အပိုင်း ၁၀၁။ သွေးအေးသော ကာလွမ်သလာ

"အစ်ကို!"

အဖွဲ့အရှေ့က လူငယ်တစ်ယောက်က အံ့အားတသင့် အော်လိုက်သည်။

အဲ့အသံက ကြောင်အမ်းနေကြတဲ့လူတွေကို ဆွဲဆောင်သွားသည်။ ဆူးလားမိသားစုရဲ့ တပည့်ငယ်တွေက ထူးထူးဆန်းဆန်းနည်းလမ်းနဲ့ ရုတ်တရက် ပေါ်ထွက်လာတဲ့ ကာလွမ်သလာကို မြင်တော့ တစ်ယောက်ပြီးတစ်ယောက် ပျော်ရွှင်မှုအပြည့်နဲ့ အော်လိုက်ကြပြီး သူတို့ ဘေးကင်းသွားနိုင်ပြီဖြစ်လို့ စိတ်လှုပ်ရှားမှုရော ဂုဏ်ယူ၊ မာန်တက်မှုတို့ပါ ခံစားလိုက်ကြရတော့သည်။

အစိမ်းရောင်ငရဲသားအသင်း အကဲဖြတ်ပွဲက ပြီးသွားခဲ့တာ ဆယ်ရက်လောက် ကြာပြီဖြစ်သည်။ ဆူးလားမိသားစုဝင်တွေက ကာလွမ်သလာရဲ့ ရမှတ်အဆင့်ကို ကြားထားပြီးဖြစ်ကြသည်။ ကာလွမ်သလာ ပြိုင်ပွဲမှာ ပထမရပြီး နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခြောက်ကို ရောက်သွားပြီဆိုတာ လူတိုင်း သိကြသည်၊ ဆိုလိုတာကတော့ ကာလွမ်သလာက ဆူးလားမိသားစုထဲမှာ နတ်ဘုရားဥဿျှောင်နယ်ပယ်ရောက်သွားနိုင်မယ့် ပညာရှင်တစ်ဦးဖြစ်လာနိုင်ချေအရှိဆုံး ဆိုတဲ့သဘောပင်။ နှစ်တွေအကြာကြီး စောင့်ပြီးတဲ့နောက် ရလဒ်က သူတို့ကို မျှော်လင့်ချက်တွေ အရောင်တောက်လာစေတာကြောင့် သူတို့ရဲ့စိတ်လှုပ်ရှားမှုက ရှင်းပြလို့တောင် မရချေ။

ဒါပေမဲ့ လူတစ်ချို့ရဲ့မျက်နှာတွေကတော့ ပျက်ယွင်းသွားကြသည်၊ အထူးသဖြင့် ကာထျန်းလို့ခေါ်တဲ့ လူအိုကြီးပေါ့။

သူက အနားယူညမြို့တော်ကသတင်းကို သူ ကြားခဲ့ပြီးသွားပေမဲ့ ပြိုင်ပွဲကို သူကိုယ်တိုင်ကိုယ်ကျ မျက်စိနဲ့မြင်ခဲ့တာမဟုတ်တဲ့အတွက် ကာလွမ်သလာ နတ်ဘုရားနယ်ပယ် အဆင့်ခြောက် ရောက်သွားပြီဆိုတာကို သူ မယုံနိုင်သေးပေ။ ကာလွမ်သလာရဲ့ကျင့်ကြံဆင့်က သူ့ထက်တောင် နှစ်ဆင့်ပိုများနေတဲ့သဘော ပေါက်နေတယ်လေ။

ဒါပေမဲ့ အခု ကာထျန်း ကာလွမ်သလာကို လူကိုယ်တိုင် မြင်လိုက်ရတော့ ကာလွမ်သလာရဲ့ ကျင့်ကြံဆင့်ကို သူ ပြောတောင် မပြောနိုင်တော့တာမို့လို့ အဲ့သတင်းကို သူ ယုံသွားရတော့သည်။ အဲ့အပြင် ကာလွမ်သလာ ထုတ်လွှတ်နေတဲ့ ဖိအားက ကာထျန်းကို အန္တရာယ်အငွေ့အသက် ပေးလိုက်၏။ ဒါ့အတွက် တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ ကာလွမ်သလာရဲ့ ကျင့်ကြံဆင့်ဟာ အဲ့ဒီ့အဘိုးအိုထက် ပိုမြင့်နေတဲ့သဘောပါပဲ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now