50. Imprisonment and Concession

1.6K 298 1
                                    

အပိုင်း ၅၀။ အကျဉ်းချခြင်းနှင့် အလျော့ပေးခြင်း

ကမ္ဘာ့သစ်ပင်။ အခြားသူတွေက သူ့ကို ရိုသေလေးစားစွာနဲ့ ကြည့်ရုံပဲ တတ်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ အခုအကြိမ်မှာတော့ ငရဲမင်းကြီးက ရွေ့လျားနေတဲ့ သစ်ပင်ကို ဆေးမှင်ရည်ကမ္ဘာထဲ ပိတ်ဆို့ထားလိုက်ပြီး ကောင်းကင်လမ်းရဲ့ အတားအဆီး ပညာရပ်ကို အသုံပြုကာ ကမ္ဘာ့သစ်ပင်ကို ဆေးမှင်ရည်ကမ္ဘာထဲ ထာဝရ ချုပ်နှောင်ထားလိုက်တယ်။

ဆေးမှင်ရည်ကမ္ဘာဆိုတာဟာ ကမ္ဘာ့သစ်ပင် မျိုးစေ့စတည် ပေါက်ရောက်ခဲ့တဲ့ နေရာ ဖြစ်တယ်။ ဒါပေမဲ့ သစ်ပင်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာအကြာကပဲ ဒီကို နောက်ဆုံးအကြိမ် ပြန်ရောက်လာခဲ့တာ ဖြစ်တယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ နောက်တစ်ကြိမ် ပြန်လာမယ်လို့ စိတ်ကူးရှိမိတဲ့ တစ်ချိန်တည်းမှာပဲ ငရဲမင်းကြီးရဲ့ အဖမ်းကို ခံရလိမ့်မယ်လို့ သစ်ပင်ကိုယ်၌ကိုက မမျှော်လင့်ထားခဲ့။ ပိုဆိုးတာက ကမ္ဘာ့သစ်ပင် အကြောက်ဆုံးအရာက ဆေးမှင်ရည်ကမ္ဘာထဲမှာ ကောင်းကင်လမ်းရဲ့ ချုပ်နှောင်ခြင်း ခံရမှာကိုပဲ ဖြစ်တယ်။

သစ်ပင်က သူ့မှာ အသိစိတ်ရှိတယ်။ ကနဦးကတော့ ပြင်းပြင်းထန်ထန် ခုခံနေသေးတယ်၊ ဒါပေမဲ့ ဘုရင်ကြီးက သူ့ကို နာကျင်စေလိုဟန် မရှိကြောင်း သိသွားတဲ့အခါမှာတော့ ရပ်လိုက်ပြီး ဘုရင်ကြီးရဲ့ နောက်တစ်လှမ်းကို စောင့်နေလိုက်တယ်။ ငါးရက်ကြာပြီးနောက် နောက်ဆုံးတော့ ဘုရင်ကြီးက ဆေးမှင်ရည်ကမ္ဘာထဲကို ဒုတိယအကြိမ် ရောက်လာခဲ့တယ်။

သစ်ပင်က ဒီကမ္ဘာထဲမှာ မွေးဖွားလာခဲ့တာ ဖြစ်ပေမဲ့ သူ့ကမ္ဘာထဲကို ဘုရင်ကြီးက လွတ်လွတ်လပ်လပ် ဝင်ရောက်လာတာကို စိတ်ဆိုးခြင်း အလျဉ်းမရှိပေ၊​ဘာလို့လည်းဆိုတော့ ဘုရင်ကြီး ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ ခံစားသိရှိပြီးလို့ ဖြစ်ပါတယ်။

"ဘုရင်မင်းကြီး၊ ကျွန်တော်မျိုးကို ဒီနေရာမှာ ဘာဖြစ်လို့ ချုပ်နှောင်ထားတာပါလဲခင်မျာ?"

အသံက အသက်ကြီးနေဟန်ပေါက်ပြီး ရှေးခေတ်ကလာတဲ့ ပဲ့တင်သံ ပြန်နေသလိုမျိုး အဝေးကနေ လာပုံ ပေါက်နေတယ်။ အသံက ပျံ့လွင့်လာတာနဲ့အမျှ သစ်ပင်ရဲ့ ကြီးမားတဲ့ပင်စည်ဟာလည်း အနည်းငယ် တုန်ခါလာပြီး၊ ရှိန်လောက်တဲ့မူဟန်နဲ့ ခန်းနားတဲ့ လေထုကို ထုတ်ပြနေသလိုပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now