46. When a Secret Becomes...

1.8K 313 2
                                    

အပိုင်း ၄၆။ လျို့ဝှက်ချက်တစ်ခု .......သောအခါ...

သူ့ခေါင်းဆောင်က သူအပြင်ခိုးထွက်မယ့်အစီအစဉ်ကို သိနေခဲ့ပြီး အဲ့နောက် ဦးလေးဖြူကို သူ့ကိုဖမ်းဖို့လွှတ်လိုက်တာဖြစ်မယ်လို့ အတော်ကို သံသယဝင်နေတယ်။

အဲ့လိုမှမဟုတ်ရင် ဦးလေးဖြူက သူ အဲ့လူထူးဆန်း အဘိုးအိုနဲ့ ပြေးဝင်တိုက်မိတဲ့ အချိန်ကိုက်မှာ အရမ်းတိုက်တိုက်ဆိုင်ဆိုင်နဲ့ကို ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ? သူ့ခေါင်းဆောင်က သူ ထွက်ပြေးမှာကို သိတာကြောင့် ဦးလေးဖြူကို သူ့ကို စောင့်ကြည့်ဖို့ လွှတ်ထားတာဖြစ်မယ်။

လေထဲ ပျံဝဲနေတဲ့ စာအုပ်နတ်ဘုရားက မနေနိုင်တော့ဘဲ​ ဖုန့်ရှီကို မျက်လုံးဆွေကြည့်လိုက်တယ်။ ဖုန့်ရှီ အခု ဘာတွေးနေလဲဆိုတာ ကောင်လေးရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ရုံနဲ့တင် သူသိတယ်။ အဲ့နောက် စာအုပ်နတ်ဘုရားက လွှတ်ခနဲ ပြောလိုက်တယ်၊ "သခင်၊ ဘုရင်ကြီးက သခင့််ကို ထောက်လှမ်းစောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို မလွှတ်ထားရင်တောင်မှ သခင် လုံးဝ မလွတ်မြောက်နိုင်ဘူး။ ဒါ့အပြင် ဦးလေးဖြူကိုယ်၌ကိုက သခင့်အတွက် စိတ်ရှုပ်စရာ ဖြစ်နေပြီ ဖြစ်တာကြောင့် ဘုရင်ကြီးက အဲ့လို လုပ်ဖို့ အပင်ပန်းခံမှာ မဟုတ်ဘူး။"

"ဘာလို့လဲ?" ဖုန့်ရှီက အလွန်ကို ရှုပ်ထွေးသွားတဲ့ အကြည့်နဲ့ အဲ့တာကို မေးလိုက်တယ်။

"လူ့ဘုံမှာ ပြောကြတဲ့ ဆိုရိုးတစ်ခု ရှိတယ်၊ ဒီနယ်မြေတိုင်းကို ဘုရင်ကြီး ပိုင်တယ်။ သခင် ငရဲပြည်မှာ နေနေသ၍ သခင် ဘယ်ပဲရောက်ရောက် ဘုရင်ကြီးက ခံစားသိရှိနိုင်တယ်။ နန်းတော်အပြင်ဘက်က အကာအရံအတားအဆီးဟာလည်း ဘုရင်ကြီး ကိုယ်တိုင်ကို ချထားတာ ဖြစ်တယ်။​ သခင် အခု အပြင်ထွက်လိုက်ပြီဆိုတာနဲ့ ဘုရင်ကြီး ချက်ချင်းကို သိတယ်။" စာအုပ်နတ်ဘုရားက ဖုန့်ရှီကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်တယ်။

"ဝီး၊ ဝီး၊ ဝီး..." ကံဆိုးမှုနတ်ဘုရားက ထောက်ခံကြောင်း ဖော်ပြဖို့ ငိုသံစူးစူး လုပ်လိုက်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now