117. Crystal Mouse

1.3K 239 15
                                    

အပိုင်း ၁၁၇။ သလင်းကြွက်

အဲ့တာကြောင့် ဟွာမိသားစုက ဒီပြိုင်ပွဲကနေ အများဆုံး ရနိုင်သည်ပင်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက နေရာကူးပြောင်းစက်ကို စီမံထိန်းသိမ်းခြင်းအားဖြင့် သူတို့အမြတ်အမျာကြီး ရသွားခဲ့ကြသည်။ သူတို့က ပိုင်ဆိုင်မှုအနေအထားအရဆိုရင် အရှေ့မြောက်ပိုင်းဒေသမှာ အခြားမိသားစုကြီးတွေထက် ပိုသာနေပြီး အခြားနယ်မြေဒေသက တချို့သောမိသားစုတွေနဲ့တောင် တန်းယှဉ်နိုင်သည်။

ဒါပေမဲ့ ဒီနယ်မြေပြင်ပမှာတော့ ဟွာမိသားစုက ဒုတိယတန်းစား မိသားစုအနေနဲ့သာ မှတ်ယူနိုင်၏။ အဲ့အတွက်ကြောင့် ဒီမိသားစုကသူတွေက အခြားဒေသတွေမှာ သူတို့ရဲ့ အင်အားစုကို သွားအခြေစိုက် အခွဲထားရှိမယ့်အစား မြောက်ပိုင်းဒေသမှာပဲ စွမ်းအားကြီးတဲ့သူတွေအနေနဲ့ နေထိုင်လိုကြသည်။ တကယ်တော့ မိသားစုတစ်ခုဟာ စွမ်းအားကြီးအင်အားစုတွေအကြား အဆင့်သတ်မှတ်ချက်တစ်ခု လိုချင်ရင်တော့ ကောင်းမွန်တဲ့ကံပိုင်ဆိုင်ရုံနဲ့တင်မဟုတ်ဘဲ ကြီးမားပြည့်စုံတဲ့ခွန်အားလည်း ရှိသင့်သေးသည်။

ဟွာမိသားစုက မြောက်ပိုင်းဒေသမှာ အခြားသူတွေကို ဘာလို့ခြိမ်းခြောက်ဖိနှိပ်နိုင်နေတာလဲဆိုတော့ ဒီမှာရှိတဲ့ကျင့်ကြံသူတွေက အစည်းတွေရောနေပြီး အကုန်လုံးနီးပါးက နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့်အောက်မှာပဲ ဖြစ်ကြတာကြောင့် အဲ့ဒီ့နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင်ရောက်နေတဲ့ ကျင့်ကြံသူက အသန်မာဆု့းဆိုတဲ့သဘောပင်။ အဲ့အတွက်ကြောင့် နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်ကိုး ရောက်နေတဲ့ ပညာရှင်တစ်ယောက်အပါအတွင် နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် ရောက်နေတဲ့ ကျင့်ကြံသူပညာရှင် သုံးယောက်ရှိတဲ့ ဟွာမိသားစုက မြောက်ပိုင်းနယ်မြေကို လွှမ်းမိုးချယ်လှယ်နေတာဖြစ်သည်။

နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်ကိုး ကျင့်ကြံသူဆိုတာ တကယ်တော့ မြောက်ပိုင်းဒေသမှာ ရှားမှရှားပင်။ အဲ့တာကြောင့် ဟွာမိသားစုရဲ့ အနိုင်ကျင့်မှုအတွက် အာမခံတစ်ခု ဖြစ်နေတာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Tahanan ng mga kuwento. Tumuklas ngayon