Chapter 196: Discovering the Secret

803 125 3
                                    

အပိုင်း ၁၉၆။ လျို့ဝှက်ချက် ရှာတွေ့ခြင်း

'ငါ ဘာလုပ်သင့်လဲ?' သူ့ခေါင်းဆောင်ကို သူ ပိုပိုပြီး ချစ်မြတ်နိုးလာတယ်လို့ ဖုန့်ရှီ ခံစားနေရသည်။

အဲ့ဒီ့နေ့ ခေါင်းဆောင်ရဲ့ စွဲဆောင်မှုပြင်းပြသည့်စကားတို့နှင့် နှလုံးသားအား အသိမ်းပိုက်ခံလိုက်ရပြီးကတည်းက သူ မငြိမ်မသက် ဖြစ်နေခဲ့သည်။ တနေကုန် တခစ်ခစ်ရယ်ကာ မြူးနေခဲ့ပြီး ဖုန့်လင်း၏ သိသာလှသည့် မူမမှန်မှုကိုတောင် သူ သတိမပြုမိတော့ပေ။ ရေခဲချီလင်က သူ့ရှေ့ တမင်ကို လှည့်ပတ်သွားလာနေတာကိုလည်း သူ မမြင်နိုင်တော့ပေ။

"အိုး၊ မဟုတ်သေးဘူး။ ဒီကောင်ကလေးက ဘယ်လိုဖြစ်လို့ ငတုံးပုံစံ ဖြစ်လာရတာလဲ? ရေခဲချီလင်က သူ့မေးစေ့ကို သူ ပွတ်လိုက်သည်၊ ဖုန့်ရှီ၏ အခြေအနေက အတော်ကြီး ထူးဆန်းနေတာကို သူ ခံစားမိသည်။ အမြဲ တက်ကြွသက်ဝင်လှုပ်ရှားနေတတ်တဲ့ လူတစ်ယောက်ဖြစ်တဲ့ ဖုန့်ရှီက အခု ထိုင်ပဲ ထိုင်နေပြီး တစ်ခိခိနဲ့ဖြစ်နေသည်မှာ တကယ့်ကို အံ့ဩစရာပင်။

"သူ တစ်ခုခုကြောင့် စိတ်ဒဏ်ရာ ရသွားတာလား?" ဖုန့်လင်းက ဂရုတစိုက် မေးလိုက်သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သူက ဦးလေးဖြူ၏ အောက်တွင် လေ့လာသင်ယူခဲ့သော်လည်း သင်ယူရေးမှာ သူ အချိန်အများကြီး မသုံးခဲ့ဘဲ တစ်ရက်ကို လေးနာရီမှ ခြော်ကနာရီလောက်သာ သင်ယူခဲ့သည်။ ကျန်အချိန်များတွင် သူ နှစ်ခြိုက်ရာ ဘာကိုမဆို သူ လုပ်နိုင်သည့်အတွက် ဖုန့်ရှီထံ သွားရောက် အခစားဝင်နိုင်မှာဖြစ်သည်။ သို့ပေမဲ့ သူ ပြန်လာချိန်မှာတော့ သူ့သခင်က အခုထိကို တစ်ခိခိနဲ့ ဖြစ်နေတာကို သူ တွေ့လိုက်ရ၏။ ုန့်လင်းက သူ့နာမည်ကို ခေါ်လိုက်ပေမဲ့ ဖုန့်ရှီက ပြန်မတုံ့ပြန်ခဲ့ပေ။ ထူးဆန်းသလို သူ ခံစားလာရသည့်အတွက် ရေခဲချီလင်ကို တစ်ချက်လောက် လာကြည့်ပေးဖို့ သတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ ရေခဲချီလင်မှာလည်း ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိ ဖြစ်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိခဲ့ပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Место, где живут истории. Откройте их для себя